YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:6-15

ရှင်မဿဲ 26:6-15 JBMLE

ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ဖြစ်၍၊- မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော ဆီ​မွှေး​ကျောက်​ဖြူ​ခွက် တစ်​လုံး​ကို အ​ထံ​တော်​သို့ ယူ​ခဲ့၍၊ စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​သော ကိုယ်​တော်၏​ခေါင်း​ပေါ်၌ သွန်း​လောင်း​လေ၏။- တ​ပည့်​တော်​တို့​သည် မြင်​လျှင် ဒေါ​သ​စိတ်​ရှိ​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။- ထို​ဆီ​မွှေး​ကို အ​ဖိုး​များ​စွာ​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ထို​မိန်း​မ​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို​ပြု​ပြီ။- ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား သင်​တို့၌​အ​စဉ် ရှိ​သည်​မ​ဟုတ်။- ဤ​ဆီ​မွှေး​ကို ငါ့​ကိုယ်​အ​ပေါ်၌ သွန်း​လောင်း​သည်​မှာ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ ပြု​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ သွား၍၊- အ​ကျွန်ုပ်​သည် ယေ​ရှု​ကို ကိုယ်​တော်​တို့​လက်​သို့​အပ်​လျှင် အ​ဘယ်​မျှ​လောက် ပေး​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ထို​သူ​တို့​က ငွေ​အ​ကျပ်​သုံး​ဆယ် ပေး​မည်​ဟု ဝန်​ခံ​ကြ၏။