YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:14-35

ရှင်မဿဲ 26:14-35 JBMLE

ထို​အ​ခါ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ သွား၍၊- အ​ကျွန်ုပ်​သည် ယေ​ရှု​ကို ကိုယ်​တော်​တို့​လက်​သို့​အပ်​လျှင် အ​ဘယ်​မျှ​လောက် ပေး​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ထို​သူ​တို့​က ငွေ​အ​ကျပ်​သုံး​ဆယ် ပေး​မည်​ဟု ဝန်​ခံ​ကြ၏။- ထို​အ​ခါ​မှ​စ၍ ကိုယ်​တော်​ကို​အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။ အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် စီ​ရင်​တော်​မူ​သည်​အ​တိုင်း​ပြု၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။ ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့် အ​တူ စား​ပွဲ၌​လျောင်း​တော်​မူ၏။- စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​သည် အ​လွန်​ဝမ်း​နည်း၍ သ​ခင်၊ အ​ကျွန်ုပ်​လော​ဟု အ​သီး​အ​သီး​မေး​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။- ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို​အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို​မ​ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း​သည်​ဟု မိန့်​တော်​မူ၏။- ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ ယု​ဒ​ရှ​ကာ​ရုတ်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​လော​ဟု မေး​လျှောက်​လျှင်၊ သင်​ဆို​သည်​အ​တိုင်း မှန်​သည်​ဟု ပြန်​ပြော​တော်​မူ၏။ ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား​ပေး​တော်​မူ၍ သင်​တို့​ရှိ​သ​မျှ​သည် သောက်​ကြ​လော့။- ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။- ငါ​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ငါ့​ခ​မည်း​တော်၏​နိုင်​ငံ၌ သင်​တို့​နှင့်​အ​တူ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။- ထို​နောက် သီ​ချင်း​ဆို​ကြ​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။- ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို​ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။- သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ သွား​မည်​ဟု မိန့်​တော်​မူ​သော်၊- ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင် ကြက်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ကို မ​ငြင်း​မ​ပယ်​ပါ​ဟု လျှောက်​ပြန်၏။ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။