YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 25:6-10

ရှင်မဿဲ 25:6-10 JBMLE

သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊- ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ထ၍​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ၏။- မိုက်​သော​သူ​တို့​က ငါ​တို့​ဆီ​မီး သေ​ပါ​ပြီ။ သင်​တို့​ဆီ​ကို အ​နည်း​ငယ်​ပေး​ပါ​ဟု ပ​ညာ​ရှိ​သော​သူ​တို့​အား တောင်း​ကြ၏။- ပ​ညာ​ရှိ​သော​သူ​တို့​က​လည်း သင်​တို့​အ​ဖို့​နှင့် ငါ​တို့​အ​ဖို့ ဆီ​မ​လောက်။ ထို​ကြောင့် ဆီ​ရောင်း​သော​သူ ရှိ​ရာ​သို့ သွား၍ ကိုယ်​သုံး​ဖို့​ဝယ်​လျှင် သာ၍​ကောင်း​သည်​ဟု ပြန်​ပြော​ကြ၏။- ထို​သူ​တို့​သည် ဆီ​ဝယ်​သွား​သည်​အ​ခိုက်​တွင် မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ၍၊ အ​သင့်​ရှိ​သော သ​တို့​သ​မီး​တို့​သည် လု​လင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​ကြ​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​ထား၏။

ရှင်မဿဲ 25:6-10 အကြောင်း ဗီဒီယိုများ