YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:30-35

ရှင်မဿဲ 24:30-35 JBMLE

ထို​အ​ခါ လူ​သား၏​နိ​မိတ်​လ​က္ခ​ဏာ​သည် ကောင်း​ကင်၌ ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၍၊ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။- လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။ သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။- ထို​နည်း​တူ၊ ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မြင်​ရ​လျှင် လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။

စပ်ဆိုင်သော ဗီဒီယိုများ