YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 21:8-22

ရှင်မဿဲ 21:8-22 JBMLE

အ​တိုင်း​မ​သိ များ​စွာ​သော​လူ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။- ရှေ့​နောက်​လိုက်​သွား​သော အ​ခြံ​အ​ရံ​များ​တို့​က ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​သော​အ​ခါ တစ်​မြို့​လုံး အုတ်​အုတ်​သဲ​သဲ​ဖြစ်၍၊ ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊- လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။ ယေ​ရှု​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌​ရောင်း​ဝယ်​သော​သူ အ​ပေါင်း​တို့​ကို နှင်​ထုတ်၍၊ ငွေ​လဲ​သော​သူ​တို့၏ ခုံ​များ​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​နေ​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ​လျက်၊- ငါ့​အိမ်​ကို ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ဗိ​မာန်​တော်၌ မျက်​စိ​ကန်း​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့​လာ၍ သူ​တို့ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။- ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ သူ​ငယ်​တို့​က​လည်း၊ ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ဗိ​မာန်​တော်၌ ကြွေး​ကြော်​ကြ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကြား​မြင်​လျှင် အ​မျက်​ထွက်​ကြ၍၊- ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။- နံ​နက်​အ​ချိန်၌ မြို့​သို့ ပြန်​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။- တ​ပည့်​တော်​တို့​သည် မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု အံ့​ဩ၍ ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။- ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။