YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 18:21-34

ရှင်မဿဲ 18:21-34 JBMLE

ထို​အ​ခါ ပေ​တ​ရု​သည် ချဉ်း​ကပ်၍၊ သ​ခင်၊ ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား၍ အ​ကျွန်ုပ်​သည် သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် လွှတ်​ရ​ပါ​အံ့​နည်း။ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​ပါ​အံ့​လော​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​မည် ငါ​မ​ဆို။- အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​မြောက်​အောင် လွှတ်​ရ​မည် ငါ​ဆို၏။- ထို​ကြောင့် ကောင်း​ကင်​နိုင်​ငံ​တော်​သည်၊ မိ​မိ​ကျွန်​များ​တို့​ကို စာ​ရင်း​ယူ​ခြင်း​ငှာ အ​လို​ရှိ​သော​မင်း​ကြီး တစ်​ဦး​နှင့် တူ၏။- စာ​ရင်း​ယူ​စဉ်​တွင်၊ ငွေ​အ​ခွက်​တစ်​သိန်း​ကြွေး​တင်​သော​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ဆောင်​ခဲ့​ကြ၏။- ထို​သူ​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကိုယ်​မှ​စ၍ သား​မ​ယား​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို​ရောင်း၍ ကြွေး​ကို​ဆပ်​စေ​ဟု သူ၏​သ​ခင်​စီ​ရင်၏။- ထို​ကျွန်​သည် ညွတ်​ပျပ်​ဝပ်​တွား​လျက်၊ သ​ခင်၊ ကျွန်​တော်​ကို သည်း​ခံ​တော်​မူ​ပါ။ ကြွေး​ရှိ​သ​မျှ​ကို ဆပ်​ပါ​မည်​ဟု လျှောက်​လျှင်၊- သူ၏​သ​ခင်​သည် သ​နား​ခြင်း​ရှိ​သ​ဖြင့် ကြွေး​ရှိ​သ​မျှ​ကို​လွှတ်၍ ချမ်း​သာ​ပေး​လေ၏။ ထို​ကျွန်​သည် ထွက်​သွား​ရာ​တွင် မိ​မိ​ငွေ​ဒေ​နာ​ရိ​တစ်​ရာ ကြွေး​တင်​သော ကျွန်​ချင်း​တစ်​ယောက်​ကို တွေ့​လျှင်၊ လည်​ပင်း​ကို​ကိုင်​ညှစ်၍ ငါ့​ငွေ​ကို​ဆပ်​ပေး​လော့​ဟု ဆို၏။- ထို​ကျွန်​ချင်း​သည် ကျွေး​ရှင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​လျက် ကျွန်​တော်​ကို သည်း​ခံ​တော်​မူ​ပါ။ ကြွေး​ရှိ​သ​မျှ​ကို ဆပ်​ပါ​မည်​ဟု တောင်း​ပန်​သော်​လည်း၊- ငွေ​ရှင်​သည် နား​မ​ထောင်​ဘဲ​သွား၍ ကြွေး​ကို​မ​ဆပ်​မီ​တိုင်​အောင် သူ့​ကို​ထောင်​ထဲ​မှာ လှောင်​ထား၏။- ထို​အ​မှု​အ​ရာ​ကို အ​ခြား​သော​ကျွန်​ချင်း​တို့​သည် မြင်​လျှင် အ​လွန်​နာ​ကြည်း​သော​စိတ်​နှင့် သွား၍၊ ပြု​လေ​သ​မျှ​တို့​ကို မိ​မိ​တို့​သ​ခင်၌ ကြား​လျှောက်​ကြ၏။- ထို​အ​ခါ သ​ခင်​သည် ထို​ကျွန်​ကို​ခေါ်၍၊ ဟယ် ဆိုး​ညစ်​သော​ကျွန်၊ သင်​သည် ငါ့​ကို​တောင်း​ပန်​သော​ကြောင့် သင်၌​တင်​သ​မျှ​သော​ကြွေး​ကို ငါ​ရှင်း​လင်း​စေ၏။- ငါ​သည် သင့်​ကို​သ​နား​သ​ကဲ့​သို့ သင်​သည်​လည်း ကျွန်​ချင်း​ကို မ​သ​နား​အပ်​သ​လော​ဟု ဆို​လျက်၊- အ​မျက်​ထွက်၍ ကြွေး​ရှိ​သ​မျှ​ကို မ​ဆပ်​မီ​တိုင်​အောင် အာ​ဏာ​သား​တို့​လက်​ကို အပ်​လေ၏။