YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 18:1-7

ရှင်မဿဲ 18:1-7 JBMLE

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ် ပါ​အံ့​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- သူ​ငယ်​တစ်​ယောက်​ကို ခေါ်​တော်​မူ၍၊ တ​ပည့်​တော်​တို့​အ​လယ်၌ ထား​ပြီး​မှ၊- ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။- ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။- အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။- ငါ့​ကို​ယုံ​ကြည်​သော ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို အ​ကြင်​သူ​သည် မှား​ယွင်း​စေ၏၊ ထို​သူ​သည် လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို ဆွဲ၍ နက်​နဲ​သော​ပင်​လယ်၌ နှစ်​မြှုပ်​ခြင်း​ကို ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း၏။ မှား​ယွင်း​စ​ရာ​အ​ကြောင်း​များ ရှိ​သော​ကြောင့် လော​ကီ​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။