YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 14:1-21

ရှင်မဿဲ 14:1-21 JBMLE

ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊- ဤ​သူ​ကား ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု မိ​မိ​ငယ်​သား​တို့​အား ဆို၏။- အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က၊ အ​ရှင်​မင်း​ကြီး​သည် ထို​မိန်း​မ​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား​ဆို​လေ​ပြီ။- ယော​ဟန်​ကို​သတ်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း၊ လူ​အ​ပေါင်း​တို့၏​မျက်​နှာ​ကို ထောက်၍ မ​သတ်​ဝံ့​ဘဲ​နေ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ​သ​တည်း။ ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊- ငါ​သည် သင်​တောင်း​သ​မျှ​ကို ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- ထို​မိန်း​မ​ငယ်​သည် သူ၏​အ​မိ တိုက်​တွန်း​သည်​အ​တိုင်း၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ ပေး​တော်​မူ​ပါ​ဟု တောင်း​လျှောက်၏။- မင်း​ကြီး​သည် ဝမ်း​နည်း​သော်​လည်း ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း ထောက်​သော​ကြောင့် ပေး​စေ​ဟု အ​မိန့်​တော်​ရှိ​လျက်၊- လူ​ကို​စေ​လွှတ်၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​စေ၏။- ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ၊ သူ​သည်​လည်း မိ​မိ​အ​မိ​ထံ​သို့ ယူ​သွား၏။- ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း လာ၍ အ​လောင်း​ကို ဆောင်​သွား​သ​ဖြင့် သင်္ဂြိုဟ်​ပြီး​မှ၊ ယေ​ရှု​ထံ​တော်​သို့ သွား၍ ကြား​လျှောက်​ကြ၏။ ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ လှေ​ကို​စီး​လျက် တော၌​ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ကြား​သိ​ရ​လျှင်၊ မြို့​ရွာ​မှ​ထွက်၍ ကုန်း​ကြောင်း​လိုက်​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ ညဉ့်​ဦး​ယံ၌ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။ လူ​အ​စု​အ​ဝေး​တို့​သည် မြို့​ရွာ​သို့​သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ သွား​ရ​သော​အ​ကြောင်း​မ​ရှိ။ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ထို​မုန့်​နှင့် ငါး​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြက်​ပင်​ပေါ်​မှာ လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ၊ ယောက်ျား​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။