YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 10:11-15

ရှင်မဿဲ 10:11-15 JBMLE

မည်​သည်​မြို့ မည်​သည်​ရွာ​သို့ ဝင်​လျှင်၊ ထို​မြို့​ရွာ၌ အ​ဘယ်​မည်​သော​သူ​သည် ထိုက်​တန်​သ​နည်း​ဟု မေး​မြန်း၍၊ ထို​မြို့​ရွာ​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် ထို​သူ၏​အိမ်​တွင် နေ​ကြ​လော့။- အိမ်​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု နှုတ်​ဆက်​ခြင်း​ကို ပြု​ကြ​လော့။- ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​မြွက်​သော မင်္ဂ​လာ ရောက်​စေ​သ​တည်း။ မ​ထိုက်​တန်​လျှင် သင်​တို့​ထံ​သို့ ပြန်​လာ​စေ​သ​တည်း။- အ​ကြင်​သူ​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​နေ​သော အိမ်​မှ​လည်း​ကောင်း၊ မြို့​မှ​လည်း​ကောင်း ထွက်​သွား​စဉ်၊ သင်​တို့၏ ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။

ရှင်မဿဲ 10:11-15 အကြောင်း ဗီဒီယိုများ