YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 10

10
တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး
(​မာ၊ ၃:၁၃-၁၉။ လု၊ ၆:၁၂-၁၆။)
1တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။- 2တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့၏ အ​မည်​ကား၊ ပ​ထ​မ​မှာ၊ ပေ​တ​ရု​ဟူ၍ ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​န္ဒြေ၊- 3ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊- 4ကာ​န​နိတ်​လူ​ရှိ​မုန်​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ် ပေ​တည်း။
တစ်​ကျိပ်​နှစ်​ပါး​တို့​သာ​သ​နာ​ပြု​ခြင်း
(​မာ၊ ၆:၇-၁၃။ လု၊ ၉:၁-၆။)
5ထို​တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​ကို ယေ​ရှု​သည် စေ​လွှတ်​တော်​မူ၍၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ မ​သွား​ကြ​နှင့်။ ရှ​မာ​ရိ​မြို့​ရွာ​ထဲ​သို့ မ​ဝင်​ကြ​နှင့်။- 6ဣ​သ​ရေ​လ​အ​မျိုး၊ ပျောက်​လွင့်​သော သိုး​များ​ရှိ​ရာ​သို့ အ​ရင်​သွား​ကြ​လော့။- 7သွား​စဉ်​တွင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ​ဟု သ​တင်း​ကြား​ပြော​ကြ​လော့။-#လု၊ ၁၀:၄-၁၂။ 8နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။- 9ရွှေ၊ ငွေ၊ ကြေး​တို့​ကို ခါး​ပန်း​ထဲ၌ မ​သို​မှီး​ကြ​နှင့်။- 10လမ်း​ခ​ရီး​ဖို့ လွယ်​အိတ်၊ အင်္ကျီ​နှစ်​ထည်၊ ခြေ​နင်း​တောင်​ဝှေး​ကို မ​သို​မှီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် ကျွေး​မွေး​ခြင်း​ကို ခံ​ထိုက်​ပေ၏။-#၁​ကော၊ ၉:၁၄။ ၁​တိ၊ ၅:၁၈။
11မည်​သည်​မြို့ မည်​သည်​ရွာ​သို့ ဝင်​လျှင်၊ ထို​မြို့​ရွာ၌ အ​ဘယ်​မည်​သော​သူ​သည် ထိုက်​တန်​သ​နည်း​ဟု မေး​မြန်း၍၊ ထို​မြို့​ရွာ​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် ထို​သူ၏​အိမ်​တွင် နေ​ကြ​လော့။- 12အိမ်​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု နှုတ်​ဆက်​ခြင်း​ကို ပြု​ကြ​လော့။- 13ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​မြွက်​သော မင်္ဂ​လာ ရောက်​စေ​သ​တည်း။ မ​ထိုက်​တန်​လျှင် သင်​တို့​ထံ​သို့ ပြန်​လာ​စေ​သ​တည်း။- 14အ​ကြင်​သူ​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​နေ​သော အိမ်​မှ​လည်း​ကောင်း၊ မြို့​မှ​လည်း​ကောင်း ထွက်​သွား​စဉ်၊ သင်​တို့၏ ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။-#တ၊ ၁၃:၅၁။ 15ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။-#မ၊ ၁၁:၂၄။ က၊ ၁၉:၂၄-၂၈။
တွေ့​ကြုံ​ရ​မ​ည့်​ညှဉ်း​ဆဲ​မှု​များ
(​မာ၊ ၁၃:၉-၁၃။ လု၊ ၂၁:၁၂-၁၇။)
16တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-#လု၊ ၁၀:၃။ 17လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-#မာ၊ ၁၃:၉-၁၁။ လု၊ ၁၂:၁၁-၁၂၊ ၂၁:၁၂-၁၅။ 18ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။- 19သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။- 20အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်။ သင်​တို့​အ​ဘ၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ဖြင့် ပြော​တော်​မူ၏။- 21ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။-#မာ၊ ၁၃:၁၂။ လု၊ ၂၁:၁၆။ 22လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။#မ၊ ၂၄:၉၊ ၁၃။ မာ၊ ၁၃:၁၃။ လု၊ ၂၁:၁၇။
23တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။- 24တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည် သ​ခင်​ထက်​မ​သာ။-#လု၊ ၆:၄၀။ ယော၊ ၁၃:၁၆၊ ၁၅:၂၀။ 25တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-#မ၊ ၉:၃၄၊ ၁၂:၂၄။ မာ၊ ၃:၂၂။ လု၊ ၁၁:၁၅။
သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်၊
(​လု၊ ၁၂:၂-၇။)
26ထို​ကြောင့် သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ဖုံး​ထား​လျက်​ရှိ​သ​မျှ​သော အ​ရာ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။-#မာ၊ ၄:၂၂။ လု၊ ၈:၁၇။ 27မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။
28တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။- 29စာ​ငှက်​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ သင်​တို့​အ​ဘ အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​ငှက်​တစ်​ကောင်​မျှ မြေ​သို့​မ​ကျ​ရ။- 30သင်​တို့​ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။- 31ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍ မြတ်​ကြ၏။- 32အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ဝန်​ခံ​မည်။- 33အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။#၂​တိ၊ ၂:၁၂။
ငြိမ်​သက်​ခြင်း​မ​ဟုတ်၊
(​လု၊ ၁၂:၅၁-၅၃။ ၁၄:၂၆-၂၇။)
34မြေ​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဓား​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သ​တည်း။ 35အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ​အ​ချင်း​ချင်း ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။-#မိ၊ ၇:၆။ 36ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ ဖြစ်​ကြ​လိမ့်​မည်။- 37အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။- 38အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-#မ၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။ 39မိ​မိ​အ​သက်​ကို တွေ့​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ ငါ့​ကြောင့် မိ​မိ​အ​သက်​ရှုံး​သော​သူ​မူ​ကား အ​သက်​ကို တွေ့​လိမ့်​မည်။-#မ၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။
ခံ​စား​ရ​မ​ည့်​အ​ကျိုး
(​မာ၊ ၉:၄၁။)
40သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။-#မာ၊ ၉:၃၇။ လု၊ ၉:၄၈၊ ၁၀:၁၆။ ယော၊ ၁၃:၂၀။ 41ပ​ရော​ဖက်၏ မျက်​နှာ​ကို​ထောက်၍၊ ပ​ရော​ဖက်​ကို လက်​ခံ​သော​သူ​သည် ပ​ရော​ဖက်၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့၊ ဖြောင့်​မတ်​သော​သူ၏ မျက်​နှာ​ကို​ထောက်၍၊ ဖြောင့်​မတ်​သော​သူ​ကို​လက်​ခံ​သော​သူ​သည် ဖြောင့်​မတ်​သော​သူ၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့။- 42အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။-

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။