YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:57-62

ရှင်လုကာ 9:57-62 JBMLE

လမ်း၌​သွား​ကြ​စဉ် လူ​တစ်​ဦး​က၊ သ​ခင် ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား ခေါင်း​ချ​ရာ​မျှ​မ​ရှိ​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​ကို၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​က၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ။ သင်​မူ​ကား​သွား၍ ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ အ​ကြောင်း​ကို ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​နောက်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်။ သို့​သော်​လည်း အ​ကျွန်ုပ်​အိမ်၌ ရှိ​ရစ်​သော​သူ​တို့​ကို အ​ရင်​သွား၍ အ​ခွင့်​ပန်​ပါ​ရ​စေ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်၍ ကြည့်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် မ​ထိုက်​မ​တန်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။