YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:18-43

ရှင်လုကာ 9:18-43 JBMLE

တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။ ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​အ​သက်​ရှုံး၏၊ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။- ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ ကိုယ်​ကို​ကိုယ် ဆုံး​ရှုံး​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။- အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏၊ လူ​သား​သည် မိ​မိ​ဘုန်း၊ မိ​မိ​အ​ဘ​ခ​မည်း​တော်၏​ဘုန်း၊ သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​တို့၏ ဘုန်း​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ၊ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။ ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။- ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​တည်း​ဟူ​သော လူ​နှစ်​ယောက်​တို့​သည် ဘုန်း​အ​သ​ရေ​နှင့် ထင်​ရှား၍၊- ကိုယ်​တော်​နှင့်​အ​တူ ဆွေး​နွေး​လျက် ယေ​ရု​ရှ​လင်​မြို့၌ စု​တေတော်​မူ​မည် အ​ကြောင်း​အ​ရာ​ကို ပြော​ကြ၏။- ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။- ထို​သူ​တို့​သည် အ​ထံ​တော်​မှ​သွား​ကြ​စဉ်၊ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု ယောင်​ယမ်း၍ လျှောက်​လေ၏။- ထို​သို့​လျှောက်​ပြီး​မှ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ မော​ရှေ​နှင့် ဧ​လိ​ယ​သည် တိမ်​ထဲ​သို့​ဝင်​သည်​ကို တ​ပည့်​တော်​တို့​သည် ကြောက်​ခြင်း​ရှိ​ကြ​သည်​ဖြစ်၍၊- ဤ​သူ​ကား ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။ ထို​အ​သံ​တော်​ဖြစ်​သည် ခ​ဏ​ချင်း​တွင်၊ ယေ​ရှု​သည် တစ်​ယောက်​တည်း​ရှိ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​မြင်​သော​အ​ရာ​ကို ဝှက်​ထား၍၊ ထို​ကာ​လ၌ အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ဘဲ​နေ​ကြ၏။ နက်​ဖြန်​နေ့၌ တောင်​ပေါ်​က​ဆင်း​ကြ​ပြီး​လျှင်၊ များ​စွာ​သော​လူ​အ​စု​အ​ဝေး​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု၏။- လူ​အ​စု​အ​ဝေး၌ ပါ​သော​သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်၏​သား​ကို ကြည့်​ရှု​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်၌ သား​တစ်​ယောက်​တည်း ရှိ​ပါ၏။- နတ်​ဖမ်း​စား​သ​ဖြင့် သူ​သည်​ရုတ်​ခ​နဲ​အော်​ဟစ်၍၊ အ​မြှုပ်​ထွက်​လျက် တောင့်​မာ​ခြင်း​သို့ ရောက်​တတ်​ပါ၏။ ထို​သို့ နာ​ကျင်​စွာ​နှိပ်​စက်​ပြီး​မှ နတ်​သည်​အ​လွန် သွား​ခဲ၏။- ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​တောင်း​ပန်​သော်​လည်း သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု အော်​ဟစ်​လျက် လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သင်၏​သား​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ဟု မိန့်​တော်​မူ၏။- သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။