YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:10-17

ရှင်လုကာ 9:10-17 JBMLE

တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​လူ​များ​ကို လက်​ခံ​တော်​မူ​လျက်၊ ဘု​ရား​သ​ခင့် နိုင်​ငံ​တော်၏​အ​ကြောင်း​ကို ဟော​ပြော၍၊ နာ​သော​သူ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ မိုး​ချုပ်​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​သည် ချဉ်း​ကပ်​လျက်၊ လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့​သွား၍၊ အိပ်​ရာ၊ စား​စ​ရာ​ကို ရှာ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သွား၍ ဤ​လူ​အ​ပေါင်း​တို့ စား​စ​ရာ​ဖို့​မ​ဝယ်​လျှင်၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌ မ​ရှိ​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့ လျှောက်​သည်​အ​ကြောင်း​ကား၊ လူ​ငါး​ထောင်​ခန့်​မျှ ရှိ​သ​တည်း။ ထို​အ​ခါ​လူ​များ​တို့​ကို တစ်​စု​လျှင် ငါး​ဆယ်​စီ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- တ​ပည့်​တော်​တို့​သည် အ​မိန့်​တော်​အ​တိုင်း​ပြု၍၊ လူ​အ​ပေါင်း​တို့​ကို လျောင်း​စေ​ပြီး​လျှင်၊- ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။