YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:1-17

ရှင်လုကာ 9:1-17 JBMLE

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​မှ၊ နတ်​ဆိုး​အ​ပေါင်း​တို့​ကို နိုင်​သော​တန်​ခိုး​နှင့် အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ အ​ခွင့်​တန်​ခိုး​ကို ပေး​တော်​မူ၏။- ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​နာ​တို့​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း စေ​လွှတ်​တော်​မူ၍၊- သင်​တို့​သည် လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ မုန့်၊ ငွေ​ကို မ​ယူ​ကြ​နှင့်။ အင်္ကျီ​နှစ်​ထည်​ကို​လည်း မ​ပါ​စေ​ကြ​နှင့်။- မည်​သည့် အိမ်​သို့​ဝင်​လျှင် ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။ အ​ကြင်​သူ​တို့​သည် သင်​တို့​အား ဧည့်​သည်​ဝတ်​ကို မ​ပြု​ဘဲ​နေ၏။- ထို​သူ​တို့​နေ​ရာ​မြို့​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​တို့​တွင် ဒေ​သ​စာ​ရီ လှည့်​လည်​ကြ၏။ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို စော်​ဘွား​ဟေ​ရုဒ်​သည် ကြား​လျှင် တွေး​တော​သော​စိတ်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​က၊ ယော​ဟန်​သည် သေ​ခြင်း​မှ​ထ​မြောက်​လေ​ပြီ​ဟု ဆို​ကြ၏။- အ​ချို့​က ဧ​လိ​ယ​ပေါ်​ထွန်း​ပြီ​ဟု ဆို​ကြ၏။ အ​ချို့​က ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး ထ​ပြန်​ပြီ​ဟု ဆို​ကြ၏။- ဟေ​ရုဒ်​မင်း​က​လည်း၊ ယော​ဟန်၏​လည်​ပင်း​ကို ငါ​ဖြတ်​လေ​ပြီ။ ဤ​မျှ​လောက်​သော​သ​တင်း​ကို ငါ​ကြား​ရ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက် ယေ​ရှု​ကို​မြင်​ခြင်း​ငှာ အ​လို​ရှိ၏။ တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​လူ​များ​ကို လက်​ခံ​တော်​မူ​လျက်၊ ဘု​ရား​သ​ခင့် နိုင်​ငံ​တော်၏​အ​ကြောင်း​ကို ဟော​ပြော၍၊ နာ​သော​သူ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ မိုး​ချုပ်​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​သည် ချဉ်း​ကပ်​လျက်၊ လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့​သွား၍၊ အိပ်​ရာ၊ စား​စ​ရာ​ကို ရှာ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သွား၍ ဤ​လူ​အ​ပေါင်း​တို့ စား​စ​ရာ​ဖို့​မ​ဝယ်​လျှင်၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌ မ​ရှိ​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့ လျှောက်​သည်​အ​ကြောင်း​ကား၊ လူ​ငါး​ထောင်​ခန့်​မျှ ရှိ​သ​တည်း။ ထို​အ​ခါ​လူ​များ​တို့​ကို တစ်​စု​လျှင် ငါး​ဆယ်​စီ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- တ​ပည့်​တော်​တို့​သည် အ​မိန့်​တော်​အ​တိုင်း​ပြု၍၊ လူ​အ​ပေါင်း​တို့​ကို လျောင်း​စေ​ပြီး​လျှင်၊- ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။