YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 7:20-23

ရှင်လုကာ 7:20-23 JBMLE

ထို​သူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ​မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ​ခြင်း​ငှာ၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​ပါ​ပြီ​ဟု လျှောက်​ကြ၏။- ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။- ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ကြား​ရ​ကြ၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။