YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:6-11

ရှင်လုကာ 6:6-11 JBMLE

အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။- ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။- ကိုယ်​တော်​သည် သူ​တို့​အ​ကြံ​အ​စည်​ကို​သိ​လျှင်၊ လက်​သေ​သော​သူ​အား၊ ထ​လော့။ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း ထို​သူ​သည်​ထ၍ မတ်​တတ်​နေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို ငါ​မေး​မည်။ ဥ​ပုသ်​နေ့၌ အ​ဘယ်​သို့​ပြု​အပ်​သ​နည်း။ ကျေး​ဇူး​ပြု​အပ်​သ​လော။ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော။ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိသတ်​တို့​အား မေး​တော်​မူ​ပြီး​လျှင်၊- ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​လည်​ကြည့်​ရှု​လျက်၊ သင်၏​လက်​ကို ဆန့်​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။- ထို​သူ​များ​တို့​သည် ဒေါ​သ​စိတ်​နှင့်​ယစ်​မူး၍ ယေ​ရှု​အား အ​ဘယ်​သို့​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ကြ၏။

​ရှင်လုကာ 6:6-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။