YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 5:1-16

ရှင်လုကာ 5:1-16 JBMLE

တစ်​ရံ​ရော​အ​ခါ ဂင်္နေ​သ​ရက်​အိုင်​နား​မှာ ရပ်​တော်​မူ၍၊ လူ​များ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို နား​ထောင်​ခြင်း​ငှာ ကိုယ်​တော်​အ​နီး​သို့ တိုး​ဝင်​ကြ​စဉ်​တွင်၊ ကမ်း​နား​မှာ​ဆိုက်​သော လှေ​နှစ်​စင်း​ကို မြင်​တော်​မူ၏။- တံ​ငါ​တို့​သည် လှေ​ထဲ​က​ထွက်၍​ပိုက်​ကွန်​တို့​ကို ဆေး​လျှော်​လျက် နေ​ကြ၏။- ထို​လှေ​တို့​တွင် ရှိ​မုန်၏ လှေ​ထဲ​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ လှေ​ကို​ကမ်း​နား​မှာ အ​နည်း​ငယ်​ခွာ​ဖွင့်​စေ​ခြင်း​ငှာ ရှိ​မုန်​ကို အ​ခွင့်​တောင်း​တော်​မူ၏။ ထို​လှေ​ပေါ်​မှာ ထိုင်​လျက် လူ​များ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ စ​ကား​တော်​ပြတ်​သော​အ​ခါ၊ ရေ​နက်​ရာ​အ​ရပ်​သို့ ရွေ့​ဦး​လော့။ ပိုက်​ကွန်​ကို​ချ၍ ငါး​ကို​အုပ်​စမ်း​လော့​ဟု ရှိ​မုန်​အား​မိန့်​တော်​မူ၏။- ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။ ထို​သို့​ချ​ကြ​ပြီး​လျှင်၊ အ​လွန်​များ​စွာ​သော ငါး​တို့​ကို အုပ်​မိ​သ​ဖြင့် ပိုက်​ကွန်​သည် စုတ်​ပြတ်​စ​ရှိ၏။- အ​ခြား​သော လှေ​တစ်​စင်း၌​ရှိ​သော အ​ပေါင်း​အ​ဖော်​တို့​သည် လာ၍​ကူ​ညီ​စေ​ခြင်း​ငှာ သူ​တို့​ကို အ​မှတ်​ပေး​သ​ဖြင့်၊ သူ​တို့​သည်​လာ၍ လှေ​နှစ်​စင်း နစ်​လု​မ​တတ် ငါး​နှင့် ပြည့်​စေ​ကြ၏။- ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- အ​ဘယ်​ကြောင့် ဤ​သို့ လျှောက်​သ​နည်း ဟူ​မူ​ကား၊ အုပ်​မိ​သော​ငါး​များ​ကို ထောက်​သ​ဖြင့်၊ ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​မှ​စ၍ ရှိ​မုန်​နှင့် ပါ​သ​မျှ​သော​သူ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။- ယေ​ရှု​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​နှင့်။ သင်​သည်​ယ​ခု​မှ​စ၍ လူ​တို့​ကို​ဖမ်း​မိ​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ကမ်း​နား​မှာ​လှေ​ကို ဆိုက်​ပြီး​လျှင်၊ ထို​သူ​တို့​သည် ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။ ကိုယ်​တော်​သည် မြို့​တစ်​မြို့၌​ရှိ​တော်​မူ​စဉ်၊ တစ်​ကိုယ်​လုံး​နူ​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ကိုယ်​တော်​ကို မြင်​လျှင် ပျပ်​ဝပ်၍၊ သ​ခင်၊ အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက်၊ လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်​လေ၏။- ယေ​ရှု​က​လည်း၊ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက် မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။- သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။- ကိုယ်​တော်​သည် တော​အ​ရပ်​သို့​ကြွ၍ ဆု​တောင်း​လေ့​ရှိ​တော်​မူ၏။

ရှင်လုကာ 5:1-16 အကြောင်း ဗီဒီယိုများ