YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:39-56

ရှင်လုကာ 23:39-56 JBMLE

ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။- တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။- ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။- နေ​အ​ရောင် ကွယ်​ပျောက်​လေ၏။ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် နှစ်​ဖြာ​ကွဲ​လေ၏။- ယေ​ရှု​သည်​လည်း ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ​ပြီး​လျှင်၊ အို အ​ဘ၊ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အ​ကျွန်ုပ်​အပ်​ပါ၏​ဟု မိန့်​တော်​မူ​လျက် အ​သက်​ချုပ်​တော်​မူ၏။- ထို​အ​ခြင်း​အ​ရာ​တို့​ကို တပ်​မှူး​သည်​မြင်​လျှင်၊ စင်​စစ်​ဤ​သူ​သည် ဖြောင့်​မတ်​သော​သူ​မှန်​ပေ၏​ဟု​ဆို၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လေ၏။- ထို​အ​မှု​ကို အ​ကြည့်​အ​ရှု​လာ​သော​သူ အ​ပေါင်း​တို့​သည် ထို​အ​ခြင်း​အ​ရာ​များ​ကို​မြင်​လျှင်၊ ရင်​ပတ်​ကို​ခတ်၍ ပြန်​သွား​ကြ၏။- ဂါ​လိ​လဲ​ပြည်​မှ နောက်​တော်​သို့​လိုက်​လာ​သော မိန်း​မ​တို့​နှင့် ကိုယ်​တော်​ကို သိ​ကျွမ်း​သော​သူ အ​ပေါင်း​တို့​သည်​လည်း အ​ဝေး​က​ကြည့်​ရှု၍ ရပ်​နေ​ကြ၏။- ထို​အ​ခါ ယု​ဒ​ပြည်​အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော လွှတ်​အ​ရာ​ရှိ​တစ်​ယောက်​သည်၊ အ​ခြား​သော လွှတ်​အ​ရာ​ရှိ​တို့၏ တိုင်​ပင်​စီ​ရင်​ခြင်း​ကို ဝန်​ခံ​သော​သူ​မ​ဟုတ်၊- ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော သူ​တော်​ကောင်း​သူ​တော်​မြတ်​ဖြစ်​သည်​နှင့် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊- ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- အ​လောင်း​တော်​ကို ချ၍ ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော ကျောက်​သင်္ချိုင်း​တွင်း၌ ထား​လေ၏။- ထို​နေ့​ကား အ​ဖိတ်​နေ့​ဖြစ်၍ ဥ​ပုသ်​နေ့​အ​ချိန် နီး​သ​တည်း။- ဂါ​လိ​လဲ​ပြည်​က ကိုယ်​တော်​နှင့်​အ​တူ​လာ​သော မိန်း​မ​များ​သည် သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း အ​ကြည့်​အ​ရှု လိုက်​လာ​ကြ၏။- ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။