YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 23:26-39

ရှင်လုကာ 23:26-39 JBMLE

ကိုယ်​တော်​ကို ထုတ်​သွား​ကြ​စဉ်၊ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည် တော​ရွာ​မှ လာ​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ ဖမ်း​ဆီး၍ ယေ​ရှု​နောက်​တော်၌ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။- နောက်​တော်၌ လိုက်​သော​လူ​များ​အ​ပေါင်း​တို့​တွင်၊ ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​သော မိန်း​မ​အ​ချို့​ပါ၏။- ထို​သူ​တို့​ကို ယေ​ရှု​သည် လှည့်​ကြည့်၍၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ့​ကြောင့် မ​ငို​ကြွေး​ကြ​နှင့်။ မိ​မိ​တို့​နှင့် မိ​မိ​တို့​သား​များ​ကြောင့် ငို​ကြွေး​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ မြုံ​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ ပ​ဋိ​သ​န္ဓေ​မ​ယူ​ဖူး​သော​ဝမ်း​နှင့် သူ​ငယ်​မ​စို့​ဖူး​သော သား​မြတ်​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ရ​သော​နေ့​ရက်​ကာ​လ ရောက်​လိမ့်​မည်။- ထို​အ​ခါ သူ​တို့​က၊ အို တောင်​များ​တို့၊ ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ စိမ်း​သော​အ​ပင်​ကို ဤ​သို့​ပြု​ကြ​လျှင်၊ ခြောက်​သော​အ​ပင်၌ အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ကိုယ်​တော်​နှင့်​အ​တူ လူ​ဆိုး​နှစ်​ယောက်​တို့​ကို​လည်း သတ်​အံ့​သော​ငှာ ထုတ်​သွား​ကြ၏။ က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။- စစ်​သူ​ရဲ​တို့​သည်​လည်း လာ၍ ပုံး​ရည်​ကို ကပ်​ပေး​လျက်၊- သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​လျှင် ကိုယ်​ကို ကယ်​တင်​လော့​ဟူ၍ ပြက်​ရယ်​ပြု​လျက် ဆို​ကြ၏။- ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။ ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။