ရှင်လုကာ 22:58-62
ရှင်လုကာ 22:58-62 JBMLE
ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။- တစ်ဖန် တစ်နာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊- ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏချင်းတွင် ကြက်တွန်လေ၏။- ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊- ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။


