ရှင်လုကာ 22:47-51
ရှင်လုကာ 22:47-51 JBMLE
ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှာ ချဉ်းကပ်လေ၏။- ယေရှုကလည်း၊ ယုဒ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။- ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ဓားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊- တစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။- ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေတော်မူ၏။

