YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 22:31-65

ရှင်လုကာ 22:31-65 JBMLE

တစ်​ဖန် သ​ခင်​ဘု​ရား​က၊ ရှိ​မုန်၊ ရှိ​မုန်၊ ဂျုံ​ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ချ​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​သည်​ဖြစ်၍၊- သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ ထောင်​ထဲ​သို့​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​သို့​လည်း​ကောင်း လိုက်​ခြင်း​ငှာ အ​သင့်​ရှိ​ပါ၏​ဟု လျှောက်​လေ​သော်၊- သ​ခင်​ဘု​ရား​က၊ ပေ​တ​ရု၊ ငါ​ဆို​သည်​ကား၊ ယ​နေ့​တွင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​မြောက်​အောင် ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​က ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​မ​ပါ​ဘဲ သွား​ကြ​လော့​ဟု သင်​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ တစ်​စုံ​တစ်​ခု​လို​သ​လော​ဟု မေး​လျှင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု လျှောက်​ကြ​သော်၊- ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ လွယ်​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ ဓား​မ​ရှိ​သော​သူ​သည် အ​ဝတ်​ကို​ရောင်း၍ ဓား​ကို​ဝယ်​စေ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ သ​ခင်၊ ဓား​နှစ်​စင်း​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ တန်​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​နောက် အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​သို့ ထွက်​ကြွ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ​ပြီး​မှ၊- တ​ပည့်​တော်​တို့​နှင့် ကျောက်​ခဲ​တစ်​ပစ်​လောက် ခွာ​သွား၍ ဒူး​ထောက်​လျက်၊- အို အ​ဘ၊ အ​လို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။- ထို​အ​ခါ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား​လာ၍ ကိုယ်​တော်​ကို အား​ပေး​ရ၏။- ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​လျက် အ​ထူး​သ​ဖြင့်​ကြိုး​စား၍ ဆု​တောင်း​တော်​မူ၏။ ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေ​ပေါ်၌​ကျ​သော သွေး​စက်​ခဲ​ကဲ့​သို့ ဖြစ်​သ​တည်း။- ထို​သို့ ဆု​တောင်း​ပြီး​မှ၊ ယေ​ရှု​သည်​ထ၍ တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​သော​အ​ခါ၊ သူ​တို့​သည် ဝမ်း​နည်း​သော​စိတ်​ရှိ​သည်​နှင့် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊- သင်​တို့​သည် အ​ဘယ်​ကြောင့် အိပ်​ပျော်​ကြ​သ​နည်း။ ထ​ကြ။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် လူ​အ​ပေါင်း​တို့​ကို လမ်း​ပြ​လျက်​လာ၍၊ ယေ​ရှု​ကို​နမ်း​ခြင်း​ငှာ ချဉ်း​ကပ်​လေ၏။- ယေ​ရှု​က​လည်း၊ ယု​ဒ သင်​သည် နမ်း​ခြင်း​ကို ပြု​လျက် လူ​သား​ကို​အပ်​သ​လော​ဟု မေး​တော်​မူ၏။- ယေ​ရှု​နှင့်​အ​တူ​ပါ​သော သူ​တို့​သည် ဖြစ်​အံ့​သော​အ​မှု​ကို မြင်​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဓား​နှင့် ခုတ်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​ပြီး​မှ၊- တစ်​ယောက်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း၊ တန်​စေ​ဟု မိန့်​တော်​မူ၍ နား​ရွက်​ကို လက်​တော်​နှင့်​တို့​သ​ဖြင့် အ​နာ​ကို ပျောက်​စေ​တော်​မူ၏။- ထို​အ​ခါ အ​ထံ​တော်​သို့​ရောက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဗိ​မာန်​တော်​မှူး၊ လူ​အ​ကြီး​အ​ကဲ​တို့​အား ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။- ငါ​သည် ဗိ​မာန်​တော်၌ သင်​တို့​နှင့်​အ​တူ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ သို့​သော်​လည်း ယ​ခု​အ​ချိန်​ကား သင်​တို့​အ​ချိန်​ဖြစ်၏။ မှောင်​မိုက်​တန်​ခိုး​လည်း​ဖြစ်၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ဖမ်း​ဆီး၍ ယဇ်​ပု​ရော​ဟိတ်​မင်း၏​အိမ်​သို့ ဆောင်​သွား​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့် ဝေး​စွာ​လိုက်​လေ၏။- အိမ်​ဦး​အ​လယ်၌ မီး​မွေး​ပြီး​မှ၊ လူ​များ​တို့​သည် စု​ဝေး၍ ထိုင်​ကြ​လျှင်၊ ပေ​တ​ရု​သည်​လည်း သူ​တို့​အ​ထဲ၌ ထိုင်​နေ၏။- ထို​သို့ ပေ​တ​ရု​သည် မီး​အ​နား​မှာ ထိုင်​နေ​သည်​ကို အ​စေ​အ​ပါ​မိန်း​မ​တစ်​ယောက်​သည် မြင်​လျှင်၊ သူ့​ကို စေ့​စေ့​ကြည့်၍၊ ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​သော်၊- ပေ​တ​ရု​က၊ အ​ချင်း​မိန်း​မ၊ ထို​သူ​ကို ငါ​မ​သိ​ဟု ငြင်း​လေ၏။- ထို​နောက် များ​မ​ကြာ အ​ခြား​သော​သူ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ သင်​သည်​လည်း ထို​သူ​တို့​အ​ဝင်​ဖြစ်​သည်​ဟု​ဆို​သော်၊ ပေ​တ​ရု​က၊ အ​ချင်း​လူ၊ ငါ​သည် သူ​တို့ အ​ဝင်​မ​ဟုတ်​ဟု ဆို၏။- တစ်​ဖန် တစ်​နာ​ရီ​လောက်​ကြာ​ပြီး​မှ အ​ခြား​သော​သူ​က၊ အ​ကယ်​စင်​စစ် ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်၏။ ဂါ​လိ​လဲ​လူ​လည်း ဖြစ်၏​ဟု ခိုင်​မာ​စွာ​ဆို​လျှင်၊- ပေ​တ​ရု​က၊ အ​ချင်း​လူ၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု​ဆို၏။ ထို​စ​ကား​ကို​ပြော​သော ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။- ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊- ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။ ယေ​ရှု​ကို ကိုင်​ဆွဲ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု၍ ရိုက်​ပုတ်​ကြ၏။- မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​နှင့်​ပုတ်​လျက်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု​ဆို​ကြ၏။- အ​ခြား​သော​စ​ကား​များ​ဖြင့်​လည်း ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ပြော​ဆို​ကြ​သေး၏။