YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:1-9

ရှင်လုကာ 21:1-9 JBMLE

ထို​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်၍၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် အ​လှူ​ဒါ​န​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို မြင်​တော်​မူ၏။- ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား သွင်း​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊- ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​ဆင်း​ရဲ​သော မု​ဆိုး​မ​သည် အ​ခြား​သော​သူ​အ​ပေါင်း​တို့​ထက် သာ၍ သွင်း​ချ​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ ဘု​ရား​သ​ခင်၏ အ​လှူ​တော်​စု​ထဲ​သို့ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ​လျက်​ပင် မိ​မိ​အ​သက်​မွေး​စ​ရာ ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ လူ​အ​ချို့​တို့​သည် လာ၍ ဗိ​မာန်​တော်​သည် တင့်​တယ်​သော ကျောက်​ပြား​နှင့်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​များ​နှင့်​လည်း​ကောင်း ဆင်​ပြင်​လျက် ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ ဤ​အ​ရာ​များ​ကို သင်​တို့​သည် ယ​ခု​မြင်​ရ​ကြ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။- သင်​တို့​သည် စစ်​တိုက်​ခြင်း​အ​ကြောင်း၊ ပုန်​ကန်​ခြင်း​အ​ကြောင်း​ကို သ​တင်း​ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည် အ​ရင်​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် အ​လျင်​အ​မြန်​မ​ဖြစ်​သေး။