တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟောတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊- ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော်၊- ကိုယ်တော်က၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။- ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။- ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊- ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ်ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။- ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကိုငါမပြောဟု မိန့်တော်မူ၏။
ရှင်လုကာ 20 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 20:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ