YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:46-52

ရှင်လုကာ 2:46-52 JBMLE

သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။- သူ၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် သူ၏​ပ​ညာ​ကို​လည်း​ကောင်း၊ စ​ကား​အ​ဖြေ​ကို​လည်း​ကောင်း အံ့​ဩ​ကြ၏။- မိ​ဘ​တို့​သည် သား​ကို​မြင်​လျှင် မိန်း​မော​တွေ​ဝေ၍ မယ်​တော်​က၊ ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့ ပြု​သ​နည်း။ ညှိုး​ငယ်​ကြောင့်​ကြ​သော​စိတ်​နှင့် မိ​ဘ​တို့​သည် မောင်​ကို​ရှာ​ကြ​ပြီ​ဟု ဆို​သော်၊- ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊- သူ​တို့​သည် ထို​စ​ကား​ကို နား​မ​လည်​ကြ။- ထို​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​သွား​သ​ဖြင့် နာ​ဇ​ရက်​မြို့​သို့​ရောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​လျက် နေ​လေ၏။ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မယ်​တော်​သည် နှ​လုံး​ထဲ၌ မှတ်​ကျုံး​လေ၏။- ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။