YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:28-41

ရှင်လုကာ 19:28-41 JBMLE

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့ ရှေ့၌​ကြွ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။- သံ​လွင်​အ​မည်​ရှိ​သော တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှင့် ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊- သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့ ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော​မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​က အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု သင်​တို့​ကို​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။- ထို​သို့ စေ​လွှတ်​သော​သူ​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​ကြ၏။- မြည်း​ကြိုး​ကို ဖြည်​စဉ်​တွင် မြည်း​ရှင်​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု​ဆို​လျှင်၊- သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ၏။ ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို ဆောင်​ခဲ့၍၊- မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ပြီး​လျှင် ကိုယ်​တော်​ကို စီး​စေ​ကြ၏။- ခ​ရီး​သွား​တော်​မူ​စဉ်​တွင် လူ​များ​တို့​သည် မိ​မိ​တို့ အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။- သံ​လွင်​တောင်​ပေါ်​က ဆင်း​ရာ​အ​ရပ်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မြင်​ခဲ့​ပြီး​သော တန်​ခိုး​တော်​များ​ကို​ထောက်၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု၍၊- ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့်​ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘ​ဝဂ်​ဝယ် ဘုန်း​ကြီး​ပါ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- လူ​အ​စု​အ​ဝေး၌​ပါ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​တ​ပည့်​တို့​ကို ဆုံး​မ​ပါ​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊