YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:12-26

ရှင်လုကာ 19:12-26 JBMLE

အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။- မ​သွား​မီ မိ​မိ​ငယ်​သား​တစ်​ကျိပ်​ကို ခေါ်၍၊ ငွေ​တစ်​ပိဿာ စီ​အပ်​ပေး​လျက် ငါ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ကုန်​သွယ်​ခြင်း​အ​မှု​ကို ပြု​ကြ​လော့​ဟု မှာ​ထား​လေ၏။- ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။- ထို​အ​မတ်​သည် မင်း​ကြီး​အ​ရာ​ကို​ခံ၍ ပြန်​လာ​တော်​မူ​သော​အ​ခါ၊ ငွေ​ခံ​သော​ငယ်​သား​တို့​သည် အ​သီး​အ​သီး အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို သိ​ခြင်း​ငှာ သူ​တို့​ကို​ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ၏။ ပ​ထ​မ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် အ​ခွက်​တစ်​ဆယ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- ဒု​တိ​ယ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် ငါး​ပိဿာ​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​သည် လာ၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ပ​ဝါ၌​ထုပ်​ထား​သော ကိုယ်​တော်၏ ငွေ​တစ်​ပိဿာ​ရှိ​ပါ၏။ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့်၊- ကိုယ်​မ​သို​မ​ထား​သော ဥ​စ္စာ​ကို​သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော လယ်၌ ရိတ်​တတ်​သည်​ကို အ​ကျွန်ုပ်​ထောက်၍ ကိုယ်​တော်​ကို ကြောက်​ပါ​သည်​ဟု လျှောက်​လျှင်၊- သ​ခင်​က၊ ဆိုး​ညစ်​သော​ငယ်​သား၊ သင်၏ စ​ကား​ကို​သာ​လိုက်၍ သင်၏​အ​မှု​ကို ငါ​စီ​ရင်​မည်။ ငါ​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​လျက် ကိုယ်​မ​သို​မ​ထား​သော​ဥ​စ္စာ​ကို သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော​လယ်၌ ရိတ်​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့ အ​ဘယ်​ကြောင့်​မ​အပ်​သ​နည်း။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို​ရ​နိုင်​သည်​ဟု မိန့်​တော်​မူ​ပြီး​သော်၊- အ​ခြွေ​အ​ရံ​တို့​အား၊ ငွေ​တစ်​ပိဿာ​ကို သူ့​လက်​မှ နုတ်​ကြ။ အ​ခွက်​တစ်​ဆယ်​ရှိ​သော​သူ​အား ပေး​ကြ​ဟု မိန့်​တော်​မူ၏။- အ​ခြွေ​အ​ရံ​တို့​က​လည်း၊ သ​ခင်၊ ထို​သူ၌ အ​ခွက်​တစ်​ဆယ်​ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊ ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။