ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ လျှောက်သွားတော်မူ၏။- ရွာတစ်ရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတစ်ကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊- သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။- ထိုသူတို့တွင် တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူ တစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊- သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။
ရှင်လုကာ 17 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 17:11-19
12 ရက်
ယေရှုသည် လောက၌ သက်တော်ထင်ရှားခဲ့စဉ်က လူတို့ကို အနာငြိမ်းစေခြင်းဖြင့် သူ၏တန်ခိုးတော်နှင့် ကရုဏာတော်ကို ပြသခဲ့သည့်နည်းလမ်းများကို ရှာဖွေပါ။ အပိုင်း ၁၂ ပိုင်းရှိသည့်အစီအစဉ်ထဲမှ တစ်ရက်တစ်ခုစီ တင်ဆက်သည့် ဗီဒီယိုအတိုလေးတစ်ခုဖြင့် ယေရှုက အနာငြိမ်းပေးခြင်းတို့ကို ထင်ဟပ်စေပါသည်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ