YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 17:1-4

ရှင်လုကာ 17:1-4 JBMLE

တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။- ဤ​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို မှား​ယွင်း​စေ​သည်​ထက်၊ လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို​ဆွဲ၍ ပင်​လယ်၌ ချ​ခြင်း​ကို ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း၏။- သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင် သူ့​ကို ဆုံး​မ​လော့။ သူ​သည် နောင်​တ​ရ​လျှင် သူ၏​အ​ပြစ်​ကို​လွှတ်​လော့။- တစ်​နေ့​ချင်း​တွင် ခု​နစ်​ကြိမ်​မြောက်​အောင် သင့်​ကို​ပြစ်​မှား၍၊ ခု​နစ်​ကြိမ်​မြောက်​အောင် သင့်​ထံ​သို့ လှည့်၍ နောင်​တ​ရ​ပါ၏​ဟု​ဆို​လျှင်၊ သူ၏​အ​ပြစ်​ကို လွှတ်​လော့​ဟု မိန့်​တော်​မူ၏။