YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14:7-14

ရှင်လုကာ 14:7-14 JBMLE

ထို​အ​ခါ ခေါ်​ဖိတ်​သော​သူ​တို့​သည် မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို ရွေး​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ သူ​တို့​အား ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊- သူ​တစ်​ပါး​သည် မင်္ဂ​လာ​ဆောင်​ပွဲ​သို့ သင့်​ကို​ခေါ်​ဖိတ်​သော​အ​ခါ၊ မြင့်​မြတ်​သော​နေ​ရာ၌ မ​လျောင်း​နှင့်။ ထို​သို့​လျောင်း​လျှင် သင့်​ထက်​သာ၍ မြတ်​သော​သူ​သည် ပွဲ​သို့​လာ​သည်​ရှိ​သော်၊- သင်​တို့​နှစ်​ယောက်​ကို ခေါ်​ဖိတ်​သော​သူ​က၊ ဤ​သူ​အား နေ​ရာ​ကို​ပေး​လော့​ဟု​လာ၍ ပြော​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ရှက်​ကြောက်​ခြင်း​နှင့် နိမ့်​သော​နေ​ရာ​သို့ ဆင်း​ရ​လိမ့်​မည်။- သူ​တစ်​ပါး​တို့​သည် သင့်​ကို ခေါ်​ဖိတ်​သော​အ​ခါ၊ သွား၍ နိမ့်​သော​နေ​ရာ၌ လျောင်း​လော့။ ထို​သို့​လျောင်း​လျှင် သင့်​ကို​ခေါ်​ဖိတ်​သော​သူ လာ​သည်​ရှိ​သော်၊ အ​ဆွေ၊ တက်​ပါ​ဟု သင့်​ကို​ဆို​လိမ့်​မည်။ ထို​အ​ခါ သင်​နှင့်​အ​တူ လျောင်း​သော​သူ​တို့​ရှေ့​မှာ သင်၏​အ​သ​ရေ ထင်​ရှား​လိမ့်​မည်။- ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​သော​သူ မည်​သည်​ကား ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို ခေါ်​ပင့်​သော​သူ​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​သည် နံ​နက်​စာ၊ ည​စာ လုပ်​ကျွေး​သော​အ​ခါ၊ အ​ဆွေ​ခင်​ပွန်း၊ ညီ​အစ်​ကို​အ​မျိုး​သား​ချင်း၊ ငွေ​ရ​တတ်​သော အိမ်​နီး​ချင်း​များ​ကို မ​ခေါ်​မ​ဖိတ်​နှင့်။ ထို​သို့ ခေါ်​ဖိတ်​လျှင်၊ သူ​တို့​သည် နောက်​တစ်​ဖန် သင့်​ကို​ခေါ်​ဖိတ်၍ ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။- သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။- ထို​သို့​ခေါ်​ဖိတ်​လျှင် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကျေး​ဇူး​မ​ဆပ်​နိုင်​သည် ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ထ​မြောက်​သည်​ကာ​လ၌ သင်​သည် ကျေး​ဇူး​ဆပ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 14:7-14 အကြောင်း ဗီဒီယိုများ