YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14:25-35

ရှင်လုကာ 14:25-35 JBMLE

လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သည်​ကို ယေ​ရှု​သည်​လှည့်၍ ကြည့်​တော်​မူ​ပြီး​လျှင်၊- အ​ကြင်​သူ​သည် ငါ့​ထံ​သို့​လာ၍ မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို၊ နှ​မ​တို့​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က မိ​မိ​အ​သက်​ကို​လည်း​ကောင်း မ​မုန်း၊ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။- အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ့​တ​ပည့် မ​ဖြစ်​နိုင်​ရာ။- သင်​တို့​တွင် တစ်​ယောက်​သော​သူ​သည် တိုက်​ကို တည်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ ထို​တိုက်​ပြီး​အောင် ငွေ​လောက်​မည် မ​လောက်​မည်​ကို သိ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ ထိုင်၍ ကုန်​စ​ရိတ်​ကို မ​ချင့်​တွက်​ဘဲ နေ​မည်​လော။- သို့​မ​ဟုတ် တိုက်​မြစ်​ကို​တည်၍ တိုက်​ကို မ​ပြီး​နိုင်​လျှင်၊ သိ​မြင်​သော​သူ အ​ပေါင်း​တို့​က၊- ဤ​သူ​သည် တည်​စ​ပြု၍ အ​စ​မ​သတ်​နိုင်​ဟု ကဲ့​ရဲ့​ကြ​လိမ့်​မည်။- တ​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော ရှင်​ဘု​ရင်​သည် အ​ခြား​သော​ရှင်​ဘု​ရင်​နှင့် စစ်​ပြိုင်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ လူ​နှစ်​သောင်း​နှင့် ချီ​လာ​သော ရှင်​ဘု​ရင်​ကို လူ​တစ်​သောင်း​နှင့် ခံ​နိုင်​မည် မ​ခံ​နိုင်​မည်​ကို ရှေ့​ဦး​စွာ​ထိုင်၍ မ​ဆင်​ခြင်​ဘဲ နေ​မည်​လော။- မ​ခံ​နိုင်​သည် မှန်​လျှင်၊ အ​ခြား​သော ရှင်​ဘု​ရင် ဝေး​သေး​သော​အ​ခါ သံ​တ​မန်​ကို စေ​လွှတ်၍ စစ်​ငြိမ်း​မည်​အ​ကြောင်း တောင်း​ပန်​တတ်​သည် မ​ဟုတ်​လော။- ထို​နည်း​တူ၊ သင်​တို့​တွင် အ​ကြင်​သူ​သည် မိ​မိ၌​ရှိ​သ​မျှ​ကို မ​စွန့်​ဘဲ​နေ၏။ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။ ဆား​မူ​ကား ကောင်း၏။ သို့​သော်​လည်း အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။- မြေ​ဖို့​မ​ကောင်း၊ အ​မှိုက်​ပုံ​ဖို့​မ​ကောင်း၊ ထို​ဆား​ကို ပြင်​သို့​ပစ်​လိုက်​တတ်၏။ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 14:25-35 အကြောင်း ဗီဒီယိုများ