YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 13:1-30

ရှင်လုကာ 13:1-30 JBMLE

ထို​အ​ခါ လူ​အ​ချို့​တို့​သည်​လာ၍၊ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​လူ​အ​ချို့​တို့၏ အ​သွေး​ကို မိ​မိ​တို့​ပူ​ဇော်​သော ယဇ်​ကောင်​တို့​နှင့် ရော​နှော​ကြောင်း​ကို လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ ထို​ဂါ​လိ​လဲ​လူ​တို့​သည် ထို​သို့​ခံ​ရ​သော​ကြောင့်၊ အ​ခြား​သော ဂါ​လိ​လဲ​လူ​အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍ အ​ပြစ်​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။- ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍​အ​ပြစ်​ရှိ​သည် မ​ဟုတ်။ သင်​တို့ ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ယောက်​သည် ဥ​ယျာဉ်၌​စိုက်​သော သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင် ရှိ၏။ ထို​အ​ပင်​သို့ လာ၍ အ​သီး​ကို​ရှာ​သော်​လည်း မ​တွေ့။- ထို​အ​ခါ ဥ​ယျာဉ်​စောင့်​အား​လည်း၊ သုံး​နှစ်​ပတ်​လုံး ဤ​သင်္ဘော​သ​ဖန်း​ပင်​သို့ ငါ​လာ၍ အ​သီး​ကို ရှာ​သော်​လည်း မ​တွေ့​မ​ရ။ ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို နှောင့်​ယှက်​ရ​သ​နည်း​ဟု အ​မိန့်​ရှိ​သော်၊ ဥ​ယျာဉ်​စောင့်​က၊ သ​ခင်၊ ယ​ခု​နှစ်​ရှိ​ပါ​စေ​ဦး။- အ​ကျွန်ုပ်​သည် အ​ပင်​နား​ပတ်​လည်​ကို တူး​ဆွ၍ နောက်​ချေး​ကို ဖို့​ပါ​မည်။- အ​သီး​သီး​ကောင်း သီး​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် နောက်​မှ ခုတ်​ပစ်​တော်​မူ​ပါ​ဟု လျှောက်​လေ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တွင် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သော​အ​ခါ၊ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။- ယေ​ရှု​သည် ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင် အ​ထံ​တော်​သို့​ခေါ်၍၊ အ​ချင်း​မိန်း​မ၊ သင်​သည် အ​နာ​ရော​ဂါ​နှင့် လွတ်၏​ဟု မိန့်​တော်​မူ​လျက်၊- သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။- သ​ခင်​ဘု​ရား​က​လည်း၊ လျှို့​ဝှက်​သော​သူ၊ သင်​တို့​ရှိ​သ​မျှ​သည် ဥ​ပုသ်​နေ့၌ မြင်း၊ နွား​ကို တင်း​ကုပ်​မှ လွှတ်၍ ရေ​တိုက်​ခြင်း​ငှာ ဆောင်​သွား​တတ်​သည် မ​ဟုတ်​လော။- တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး စာ​တန်​ချည်​နှောင်​သော အာ​ဗြ​ဟံ၏​သ​မီး​ဖြစ်​သော ဤ​မိန်း​မ​ကို ဤ​ချည်​နှောင်​ခြင်း​မှ ဥ​ပုသ်​နေ့၌ မ​လွှတ်​ရ​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ရန်​ဘက်​နေ​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်​ခြင်း​ရှိ​၍၊ ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​များ​တို့​ကို လူအပေါင်းတို့သည်နှစ်​သက်​ဝမ်း​မြောက်​ကြ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​အ​ရာ​နှင့် တူ​သ​နည်း။ အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။- လူ​သည် ယူ၍ ဥ​ယျာဉ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။ ထို​အ​စေ့​သည် ကြီး​ပွား၍ အ​ပင်​ကြီး​ဖြစ်၏။ မိုး​ကောင်း​ကင်​ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​တို့၌ နား​နေ​မှီ​ခို​ကြ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​ဘယ်​သို့​ပုံ​ပြ​ရ​အံ့​နည်း။- မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌ ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သော တ​ဆေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယေ​ရှု​သည် မြို့​ရွာ​တို့​ကို ဒေ​သ​စာ​ရီ​လှည့်​လည်​လျက်၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။- လူ​တစ်​ဦး​က​လည်း၊ သ​ခင်၊ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် များ​သ​လော၊ နည်း​သ​လော​ဟု မေး​လျှောက်​လျှင်၊- ကျဉ်း​မြောင်း​သော​တံ​ခါး​ဝ​ကို ဝင်​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​များ​သော​သူ​တို့​သည် ဝင်​ခြင်း​ငှာ​အ​လို​ရှိ​သော်​လည်း မ​စွမ်း​နိုင်​ကြ​ဟု ငါ​ဆို၏။- အိမ်​ရှင်​သည် တစ်​ခါ​ထ၍ တံ​ခါး​ကို ပိတ်​ပြီး​မှ၊ သင်​တို့​သည် ပြင်၌​ရပ်၍ တံ​ခါး​ကို​ခေါက်​လျက်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​ဖွင့်​ပါ​ဟု တောင်း​လျှောက်​သော်​လည်း၊ သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လိမ့်​မည်။- ထို​အ​ခါ သင်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ထံ​တော်၌ စား​သောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​နေ​သော မြို့​ရွာ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ​ဟု လျှောက်​ပြန်​သော်​လည်း၊- သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ငါ​ဆို​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ​ဟု ပြော​လိမ့်​မည်၊ ထို​အ​ခါ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​သော ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​သို့ ဝင်၍၊ သင်​တို့​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း ရှိ​လ​တ္တံ့။- ထို​အ​ခါ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​က​လာ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​တွင် လျောင်း​ရ​ကြ​လ​တ္တံ့။- နောက်​ကျ​သော​သူ အ​ချို့​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ အ​ချို့​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 13:1-30 အကြောင်း ဗီဒီယိုများ