YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:39-43

ရှင်လုကာ 11:39-43 JBMLE

သ​ခင်​ဘု​ရား​က​လည်း၊ ဖာ​ရိ​ရှဲ​ဖြစ်​သော သင်​တို့​သည် ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌​ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ ဆိုး​ညစ်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။- လူ​မိုက်​တို့၊ အ​ပြင်​ကို ဖန်​ဆင်း​သော​သူ​သည် အ​တွင်း​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။- သာ၍​ကောင်း​သော​နည်း​မူ​ကား၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အား​သန့်​ရှင်း​ကြ​လိမ့်​မည်။- ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း​ရွက်၊ လျူ​ရွက်​မျိုး​မှ​စ၍ မြက်​ပင်​အ​မျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင်၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​အ​မှု​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။- ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ တ​ရား​ဇ​ရပ်၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ ဈေး၌​ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။

ရှင်လုကာ 11:39-43 အကြောင်း ဗီဒီယိုများ