YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 11:1-13

ရှင်လုကာ 11:1-13 JBMLE

တစ်​ရံ​ရော​အ​ခါ ကိုယ်​တော်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရပ်​တွင် ဆု​တောင်း​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ သ​ခင်၊ ဆု​တောင်း​စေ​ခြင်း​ငှာ ယော​ဟန်​သည်​မိ​မိ​တ​ပည့်​တို့​အား နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား နည်း​ပေး​တော်​မူ​ပါ​ဟု လျှောက်​သော်၊- ကိုယ်​တော်​က၊ သင်​တို့​သည်​ဆု​တောင်း​လျှင် မြွက်​ဆို​ရ​မည်​မှာ၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော အ​ကျွန်ုပ်​တို့​အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။ နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။- အ​လို​တော်​သည် ကောင်း​ကင်​ဘုံ၌ ပြည့်​စုံ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​မှာ ပြည့်​စုံ​ပါ​စေ​သော။ အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား နေ့​ရက် အ​စဉ်​အ​တိုင်း ပေး​သ​နား​တော်​မူ​ပါ။- အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​သူ​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​သည်​လွှတ်​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။ အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ၌ အ​ဆွေ​ခင်​ပွန်း​ရှိ​သည်​ဖြစ်၍၊ သန်း​ခေါင်​အ​ချိန်​တွင် ထို​အ​ဆွေ​ခင်​ပွန်း၏ အိမ်​သို့​သွား​ပြီး​လျှင်၊ အ​ဆွေ၊- အ​ကျွန်ုပ် အဆွေခင်ပွန်း​တစ်​ယောက်​သည် ခ​ရီး​မှ​လာ၍ အ​ကျွန်ုပ်​ထံ​သို့​ရောက်​ပါ​ပြီ။ သူ့​ကို ကျွေး​စ​ရာ​မ​ရှိ​သော​ကြောင့် မုန့်​သုံး​လုံး​ချေး​နှင့်​ပါ​ဟု ဆို​သော်၊- အိမ်​ရှင်​က​လည်း၊ ငါ့​ကို​မ​နှောင့်​ယှက်​နှင့်။ တံ​ခါး​ပိတ်​လျက်​ရှိ၏။ ငါ့​သား​သ​မီး​တို့​သည် ငါ​နှင့် အိပ်​လျက်​ရှိ​ကြ၏။ ငါ​ထ၍ သင့်​အား​မ​ပေး​နိုင်​ဟု အိမ်​ထဲ​က ပြန်​ပြော​သည်​အ​ရာ​မှာ၊- ငါ​ဆို​သည်​ကား၊ အ​ဆွေ​ခင်​ပွန်း​ဖြစ်​သည်​ကို​ထောက်၍ မ​ထ၊ မ​ပေး​သော်​လည်း၊ အား​မ​လျော့​ဘဲ တောင်း၍​နေ​သော​ကြောင့် ထ၍​လို​ချင်​သ​မျှ​ကို ပေး​လိမ့်​မည်။- တစ်​ဖန် ငါ​ဆို​သည်​ကား၊ တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့၊ ခေါက်​လျှင်​ဖွင့်​မည်။- တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို ဖွင့်၏။- သင်​တို့​တွင် အ​ဘ​ဖြစ်​သော​သူ၌ သား​သည် မုန့်​ကို​တောင်း​လျှင် အ​ဘ​သည် ကျောက်​ကို​ပေး​မည်​လော့။ ငါး​ကို​တောင်း​လျှင် ငါး​အ​စား၌ မြွေ​ကို​ပေး​မည်​လော့။- ဥ​ကို​တောင်း​လျှင် ကင်း​မြီး​ကောက်​ကို ပေး​မည်​လော။- သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

​ရှင်လုကာ 11:1-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။