YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:25-42

ရှင်လုကာ 10:25-42 JBMLE

တစ်​ရံ​ရော​အ​ခါ ကျမ်း​တတ်​တစ်​ယောက်​သည် ထ၍၊ အ​ရှင်​ဘု​ရား၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​သော်၊- ကိုယ်​တော်​က၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​သို့​လာ​သ​နည်း။ သင်​သည်​အ​ဘယ်​သို့ ဖတ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- ထို​သူ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ၊ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟု ပြန်​လျှောက်​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်၏​စ​ကား​သည် မှန်​ပေ၏။ ထို​သို့​ပြု​လျှင် အ​သက်​ကို​ရ​မည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​က​လည်၊ အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​ပါ​သ​နည်း​ဟု မိ​မိ​အ​ပြစ်​မ​ရှိ​ဟန် ပြု​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​လျှောက်​ပြန်​သော်။- ယေ​ရှု​က၊ လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ ယေ​ရိ​ခေါ​မြို့​သို့​သွား​ရာ​တွင် ဓား​ပြ​နှင့် တွေ့​ကြုံ​လေ၏။ ဓား​ပြ​တို့​သည် ထို​သူ၏​အ​ဝတ်​ကို​ချွတ်၍ နာ​ကျင်​စွာ ရိုက်​နှက်​ပြီး​မှ သေ​လု​မ​တတ်​ရှိ​သော​အ​ခါ ပစ်​ထား၍ သွား​ကြ၏။- ထို​လမ်း​သို့ ယဇ်​ပု​ရော​ဟိတ်​တစ်​ယောက်​သည် အ​မှတ်​တ​မဲ့​သွား၍ ထို​လူ​နာ​ကို​မြင်​လျှင် လွှဲ​ရှောင်၍ သွား​လေ၏။- ထို​နည်း​တူ လေ​ဝိ​လူ​တစ်​ယောက်​သည် ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ လာ၍​ကြည့်​မြင်​လျှင် လွှဲ​ရှောင်၍ သွား​လေ၏။- ရှ​မာ​ရိ လူ​တစ်​ယောက်​သည် ခ​ရီး​သွား​ရာ​တွင် ထို​လူ​နာ​ရှိ​ရာ​သို့​ရောက်၍ မြင်​သော​အ​ခါ၊ က​ရု​ဏာ​စိတ်​ရှိ​သည်​နှင့်၊- ချဉ်း​ကပ်၍ သူ၏​အ​နာ​များ​ကို ဆီ​နှင့် စ​ပျစ်​ရည်​ထည့်​လျက် အ​ဝတ်​နှင့်​စည်း​ပြီး​လျှင်၊ မိ​မိ​တိ​ရ​စ္ဆာန်​ပေါ်​မှာ တင်၍ ဇ​ရပ်​တစ်​ခု​သို့ ဆောင်​သွား​ပြု​စု​လေ၏။- နက်​ဖြန်​နေ့၌ ထွက်​သွား​သော​အ​ခါ၊ ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်၍ ဇ​ရပ်​ရှင်​အား​ပေး​လျက်၊ ဤ​သူ​ကို ကြည့်​ရှု​ပြု​စု​ပါ။ ကုန်​သ​မျှ​ကို ငါ​ပြန်​လာ​သော​အ​ခါ ဆပ်​ပေး​မည်​ဟု​ဆို၏။ သင်​သည် အ​ဘယ်​သို့​ထင်​သ​နည်း။- ထို​သူ​သုံး​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် ဓား​ပြ​လက်​သို့​ရောက်​သော​သူ​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​သ​နည်း​ဟု ပြန်၍​မေး​တော်​မူ​လျှင်၊- ကျမ်း​တတ်​က​လည်း၊ လူ​နာ​ကို​သ​နား​သော​သူ​သည် စပ်​ဆိုင်​သော​သူ​ဖြစ်​ပါ၏​ဟု လျှောက်​သော် ယေ​ရှု​က၊ သင်​သည်​သွား၍ ထို​နည်း​တူ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့် ခ​ရီး​သွား​ကြ​စဉ် ရွာ​တစ်​ရွာ​သို့​ဝင်​သော်၊ မာ​သ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ဦး​သည် မိ​မိ​အိမ်၌ ကိုယ်​တော်​ကို​ဧည့်​ခံ​လေ၏။- ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။- မာ​သ​မူ​ကား၊ လုပ်​ကျွေး​ခြင်း​အ​မှု​များ၌ စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သ​ခင်၊ ကျွန်​မ၏​ညီ​မ​သည်၊ ကျွန်​မ​တစ်​ယောက်​တည်း လုပ်​ကျွေး​စေ​ခြင်း​ငှာ ကျွန်​မ​ကို ပစ်​ထား​သည်​အ​ရာ​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ​သ​လော။ သူ​သည် ကျွန်​မ​ကို ကူ​ညီ​မည့်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊- ယေ​ရှု​က၊ မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့၌ စိုး​ရိမ်၍ နှောင့်​ယှက်​ခြင်း​ကို ခံ​ရ၏။ လို​သော​အ​ရာ​တစ်​ခု​တည်း ရှိ၏။- မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 10:25-42 အကြောင်း ဗီဒီယိုများ