YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:46-55

ရှင်လုကာ 1:46-55 JBMLE

မာ​ရိ​က​လည်း၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၏။- ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင် ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​မ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို ကြည့်​ရှု​တော်​မူ​ပြီ။ နောင်​ကာ​လ၌ ခပ်​သိမ်း​သော​လူ အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။- တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သည် အံ့​ဖွယ်​သော​ကျေး​ဇူး​တော်​ကို ငါ့​အား​ပြု​တော်​မူ​ပြီ၊ ထို​ဘု​ရား၏ နာ​မ​တော်​သည် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။- ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​စဉ်​မ​ပြတ်​ခံ​စား​ကြ၏။- လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​ကို​ပြ​တော်​မူ​ပြီ။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​ပြီ။- ဘု​ရင်​တို့​ကို ရာ​ဇ​ပ​လ္လင်​ပေါ်​မှ​ချ၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​ပြီ။- ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။- ငါ​တို့​ဘိုး​ဘေး​များ​တို့​အား ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် အ​ညီ၊- အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​အား သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ သ​တိ​ထား၍ မိ​မိ​ကျွန် ဣ​သ​ရေ​လ​ကို မ​စ​တော်​မူ​ပြီ​ဟု ဆို၏။

​ရှင်လုကာ 1:46-55 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။