YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:39-80

ရှင်လုကာ 1:39-80 JBMLE

ထို​အ​ခါ မာ​ရိ​သည်​ထ၍၊ တောင်​ကြား​အ​ရပ်၌​ရှိ​သော ယု​ဒ​မြို့​တစ်​မြို့​သို့ အ​လျင်​အ​မြန် သွား​ပြီး​လျှင်၊- ဇာ​ခ​ရိ​အိမ်​သို့​ဝင်၍ ဧ​လိ​ရှ​ဗက်​ကို နှုတ်​ဆက်​လေ၏။- ထို​နှုတ်​ဆက်​ခြင်း​စ​ကား​ကို ဧ​လိ​ရှ​ဗက်​သည် ကြား​စဉ်​တွင် မိ​မိ​ဝမ်း၌​ရှိ​သော​သူ​ငယ်​သည် ခုန်၍၊ မိ​မိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လျက်၊- သင်​သည် မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော​မင်္ဂ​လာ ရှိ၏။ သင်၏​ဝမ်း၌​ရှိ​သော သူ​ငယ်​သည်​လည်း မြတ်​စွာ​သော​မင်္ဂ​လာ ရှိ၏။- အ​ကျွန်ုပ်​သ​ခင်၏​မယ်​တော်​သည် အ​ကျွန်ုပ်​ဆီ​သို့ ကြွ​လာ​သော​ကျေး​ဇူး​ကို အ​ဘယ်​အ​ကြောင်း​ကြောင့် အ​ကျွန်ုပ်​ခံ​ရ​ပါ​သ​နည်း။- သင်၏​နှုတ်​ဆက်​ခြင်း​စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​စဉ်​တွင်၊ အ​ကျွန်ုပ်​ဝမ်း​ထဲ၌ သူ​ငယ်​သည် ရွှင်​မြူး​သော​စိတ်​နှင့် ခုန်၏။- ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မိန်း​မ​အား ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​သည် ပြည့်​စုံ​လိမ့်​မည်​ဟု ကြီး​သော​အ​သံ​နှင့် မြွက်​ဆို၏။ မာ​ရိ​က​လည်း၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၏။- ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင် ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​မ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို ကြည့်​ရှု​တော်​မူ​ပြီ။ နောင်​ကာ​လ၌ ခပ်​သိမ်း​သော​လူ အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။- တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သည် အံ့​ဖွယ်​သော​ကျေး​ဇူး​တော်​ကို ငါ့​အား​ပြု​တော်​မူ​ပြီ၊ ထို​ဘု​ရား၏ နာ​မ​တော်​သည် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။- ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​စဉ်​မ​ပြတ်​ခံ​စား​ကြ၏။- လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​ကို​ပြ​တော်​မူ​ပြီ။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​ပြီ။- ဘု​ရင်​တို့​ကို ရာ​ဇ​ပ​လ္လင်​ပေါ်​မှ​ချ၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​ပြီ။- ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။- ငါ​တို့​ဘိုး​ဘေး​များ​တို့​အား ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် အ​ညီ၊- အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​အား သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ သ​တိ​ထား၍ မိ​မိ​ကျွန် ဣ​သ​ရေ​လ​ကို မ​စ​တော်​မူ​ပြီ​ဟု ဆို၏။- မာ​ရိ​သည်​လည်း ဧ​လိ​ရှ​ဗက်​ထံ​မှာ သုံး​လ​ခန့်​နေ​ပြီး​မှ မိ​မိ​အိမ်​သို့​ပြန်​လေ၏။ ဧ​လိ​ရှ​ဗက်​သည် ဖွား​အံ့​သော​နေ့​လ စေ့​သော​အ​ခါ သား​ယောက်ျား​ကို ဖွား​မြင်၏။- ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​သ​နား​ခြင်း ကျေး​ဇူး​တော်​ကို ဧ​လိ​ရှ​ဗက်​အား ပြု​တော်​မူ​သည်​ကို၊ အိမ်​နီး​ချင်း အ​ဆွေ​အ​မျိုး​တို့​သည် ကြား​လတ်​သော်၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။- ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ​ငယ်​အား​ပေး​အံ့​သော​ငှာ လာ​ကြ၍၊ အ​ဘ၏​အ​မည်​ဖြစ်​သော ဇာ​ခ​ရိ​အ​မည်​ဖြင့် မှည့်​သော​အ​ခါ အ​မိ​က၊ ထို​သို့​မ​မှည့်​ရ။- ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု​ဆို​လျှင်၊ သူ​တို့​က၊- ယော​ဟန်​အ​မည်​ဖြင့် သင်၏​အ​ဆွေ​အ​မျိုး​တွင် တစ်​ယောက်​ကို​မျှ မ​မှည့်​ဟု​ဆို၍၊- အ​ဘ​သည် အ​ဘယ်​သို့​မှည့်​စေ​လို​သ​နည်း​ဟု အ​မှတ်​အား​ဖြင့် မေး​ကြ၏။- အ​ဘ​သည်​လည်း သင်​ပုန်း​ကို​တောင်း၍၊ သူ၏​အ​မည်​ကား ယော​ဟန်​ဖြစ်၏​ဟု ရေး​လေ​သော်၊ ထို​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် ဇာ​ခ​ရိ​သည် နှုတ်​ဖွင့်​ခြင်း၊ လျှာ​လွတ်​ခြင်း​ရှိ​သည်​ဖြစ်၍၊ စ​ကား​အား​ဖြင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။- အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည် ကြောက်​ရွံ့​ခြင်း​ရှိ​ကြ၍ ထို​အ​မှု​အ​ရာ​များ​သည် ယု​ဒ​ပြည်​တောင်​ကြား​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။- ကြား​သော​သူ​အ​ပေါင်း​တို့​သည် နှ​လုံး​ထဲ၌​မှတ်​သား၍၊ ဤ​သူ​ငယ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​လိမ့်​မည်​နည်း​ဟု ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည်​လည်း သူ​ငယ်​နှင့်​အ​တူ ရှိ​တော်​မူ၏။ သူ၏​အ​ဘ ဇာ​ခ​ရိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လျက်၊- ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ပေါ်​ထွန်း​သော မိ​မိ​သန့်​ရှင်း​သော ပ​ရော​ဖက်​တို့​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ရန်​သူ​ဘေး​နှင့် ကင်း​လွတ်၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​သက်​လုံး သန့်​ရှင်း​ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​ဝတ်​ကို ရဲ​ရင့်​စွာ​ပြု​ရ​သော​အ​ခွင့်​ကို ပေး​မည်​ဟု ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​အား ကျိန်​ဆို​ခြင်း​က​တိ​တော်​တည်း​ဟူ​သော သန့်​ရှင်း​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို အောက်​မေ့​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​တို့ ဘိုး​ဘေး​များ​နှင့် ဝန်​ခံ​တော်​မူ​သော သ​နား​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​လျက် ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ကို​ပြု​တော်​မူ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ​လည်း​ကောင်း၊ မုန်း​သော​သူ​ရှိ​သ​မျှ​တို့ လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​မည်​အ​ကြောင်း၊ ကယ်​လွှတ်​ခြင်း​ဦး​ချို​ကို မိ​မိ​ကျွန်​ဒါ​ဝိဒ်​အ​မျိုး​ထဲ၌ ငါ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။ အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား၏ ပ​ရော​ဖက်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့် အ​ပြစ်​ဖြေ၍ ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ကြောင်း​ကို ဘု​ရား​သ​ခင်၏​လူ​မျိုး​အား ဖော်​ပြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ပြင်​ဆင်​ခြင်း​ငှာ သင်​သည် ရှေ့​တော်၌​သွား​ရ​လိမ့်​မည်။- ထို​သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့်၊ ကောင်း​ကင်​မှ နေ​အ​ရုဏ်​သည် ငါ​တို့​အ​ပေါ်​သို့ တက်​သ​ဖြင့်၊- မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။- ထို​သူ​ငယ်​သည်​ကား၊ ကြီး​ပွား၍ ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ဣ​သ​ရေ​လ​လူ​တို့​အား မ​ထင်​ရှား​မီ​တိုင်​အောင် တော​အ​ရပ်၌ နေ​လေ၏။