သို့ရာတွင် သူတို့သည်ငါ့ကိုပြစ်မှား၍၊ ငါ့ကိုဆန့်ကျင်ဘက်ပြုသောကြောင့်၊ ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဖော်ပြတောင်းပန်လျှင်လည်းကောင်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်လည်းကောင်း၊ ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသောပဋိညာဉ်၊ အာဗြဟံနှင့်ပြုသော ပဋိညာဉ်ကိုလည်းကောင်း၊ ထိုပြည်ကိုလည်းကောင်း ငါအောက်မေ့မည်။ ထိုပြည်သည် သူတို့လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍ မထီမဲ့မြင်ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။ သို့ရာတွင် ရန်သူပြည်၌နေကြသောအခါ၊ သူတို့ကိုရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့် ငါပြုသောပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကိုငါမစွန့်ပစ်၊ မရွံရှာ။ ငါသည် သူတို့၏ဘုရားခင်ထာဝရဘုရားဖြစ်၏။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်အံ့သောငှာ သာသနာပလူတို့မျက်မှောက်၌၊ အဲဂုတ္တုပြည်မှငါနုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသောပဋိညာဉ်ကို သူတို့အတွက်ငါအောက်မေ့မည်။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
ဝတ်ပြုရာ 26 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဝတ်ပြုရာ 26:40-45
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ