YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 26:23-33

ဝတ်ပြုရာ 26:23-33 JBMLE

ထို​သို့ ခံ​ရ​သော်​လည်း၊ သင်​တို့​သည်​သ​တိ​မ​ရ၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊ ငါ​သည်​လည်း သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။ ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။ သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။ ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို​နား​မထောင်၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊ ငါ​သည်​လည်း​အ​မျက်​ထွက်၍ သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု​သ​ဖြင့်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။ သင်​တို့​သည် ကိုယ်​သား​သ​မီး​တို့၏​အ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။ သင်​တို့​မြို့​များ​ကို​ငါ​ဖျက်​ဆီး၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်​တို့​နံ့​သာ​ပေါင်း အ​မွှေး​အ​ကြိုင်​ကို​ငါ​မ​နမ်း။ တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သော​အ​မှု​ကို၊ ထို​ပြည်၌​နေ​သော သင်​တို့၏​ရန်​သူ​တို့​သည်​မြင်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။