YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 1:1-4

ဝတ်ပြုရာ 1:1-4 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​က အ​သံ​ကို​လွှင့်​လျက် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​လို​လျှင်၊ ယဉ်​သော​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော နွား၊ သိုး၊ ဆိတ်​ကို​ဆောင်​ခဲ့၍ ဆက်​ရ​မည်။ နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။ ပူ​ဇော်​သော​နွား​၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်​ရ​သ​ဖြင့်၊ သူ၏​အ​ပြစ်​ကို ဖြေ​မည်​အ​ကြောင်း လက်​ခံ​တော်​မူ​မည်။