YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 3:1-20

ယေရမိမြည်တမ်း 3:1-20 JBMLE

ငါ​သည် ဘု​ရား​သ​ခင်၏​အ​မျက်​တော်​ကြိမ်​လုံး​အောက်၌ ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။ ငါ့​ကို​သွေး​ဆောင်၍ အ​လင်း​သို့​မ​ပို့၊ မှောင်​မိုက်​ထဲ​သို့ ပို့​ဆောင်​တော်​မူ၏။ အ​ကယ်​စင်​စစ် ငါ့​ကို​တစ်​နေ့​လုံး အ​ထပ်​ထပ် ဒဏ်​ခတ်​တော်​မူ၏။ ငါ့​အ​ရေ​နှင့် အ​သား​ကို ဆွေး​ရိ​စေ၍ ငါ့​အ​ရိုး​တို့​ကို​လည်း ချိုး​တော်​မူ၏။ ငါ့​တစ်​ဖက်၌ တပ်​တည်၍ ခါး​သော​အ​ရာ၊ ပင်​ပန်း​စ​ရာ​အ​ကြောင်း​တို့​နှင့် ဝိုင်း​တော်​မူ၏။ သေ​လွန်​သော​သူ​တို့​ကို ပြု​တတ်​သ​ကဲ့​သို့၊ ငါ့​ကို မိုက်​သော​အ​ရပ်၌ ထား​တော်​မူ၏။ ငါ​မ​ထွက်​နိုင်​အောင်​ဝင်း​ခတ်၍၊ လေး​သော သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။ ထို​မျှ​မ​က ငါ​သည်​ကြွေး​ကြော်​အော်​ဟစ်၍ ဆု​တောင်း​သော်​လည်း ငြင်း​ပယ်​တော်​မူ၏။ ငါ​သွား​ရာ​လမ်း​ကို​ကျောက်​ထ​ရံ​နှင့် ပိတ်၍၊ ကောက်​သော​လမ်း​ဖြင့် သွား​စေ​တော်​မူ၏။ ငါ့​ကို ချောင်း​မြောင်း​သော​ဝက်​ဝံ​ကဲ့​သို့​လည်း​ကောင်း၊ မ​ထင်​ရှား​သော အ​ရပ်၌​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​တော်​မူ၏။ ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။ လေး​တော်​ကို​တင်၍ ပစ်​စ​ရာ​စက်​အ​ရာ၌ ငါ့​ကို ထား​တော်​မူ၏။ မြား​တော်​တို့​ကို​လည်း၊ ငါ့​ကျောက်​ကပ်​ကို ခွင်း​စေ​တော်​မူ၏။ ငါ​သည်​ငါ၏​လူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​နှင့် တစ်​နေ့​လုံး သီ​ချင်း​ဆို​စ​ရာ​အ​ကြောင်း​ဖြစ်​ပါ​သည်​တ​ကား။ ခါး​သော​ဆေး​နှင့် ငါ့​ကို​ဖြည့်၍၊ ဒေါ​န​နှင့် ယစ်​မူး​စေ​တော်​မူ၏။ ကျောက်​စ​ရစ်​ကို​ကျွေး၍ ငါ့​သွား​တို့​ကို ချိုး​တော်​မူ၏။ မီး​ဖို​ပြာ​နှင့် ဖုံး​တော်​မူ၏။ ငါ၏​ဝိ​ညာဉ်​ကို ချမ်း​သာ​နှင့်​ဝေး​စွာ​ရွှေ့​တော်​မူ​သော​ကြောင့်၊ ငါ​သည် မင်္ဂ​လာ​အ​ကြောင်း​ကို မေ့​လျော့၏။ သို့​ဖြစ်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စွမ်း​သ​တ္တိ​နှင့် မျှော်​လင့်​စ​ရာ​အ​ကြောင်း ပျက်​လေ​ပြီ​ဟု ဆို​ရ၏။ အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို​လည်း​ကောင်း၊ ဒေါ​န​နှင့် သည်း​ခြေ​အ​ရည်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။ ဧ​ကန်​အ​မှန် အောက်​မေ့​တော်​မူ​လိမ့်​မည်။