YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 2:1-6

ယေရမိမြည်တမ်း 2:1-6 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး​ကို အ​မျက်​တော်​မိုး​တိမ်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ဂုဏ်​အ​သ​ရေ​ကို ကောင်း​ကင်​မှ​မြေ​ကြီး​တိုင်​အောင် ချ​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​ချိန်၌ ခြေ​တော်​တင်​ရာ​ခုံ​ကို မ​အောက်​မေ့​ဘဲ နေ​တော်​မူ​ပါ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​မ​ရှိ​ဘဲ၊ ယာ​ကုပ်​အ​မျိုး၏​နေ​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို မျို​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​သ​ဖြင့် ယု​ဒ​သ​တို့​သ​မီး၏​ရဲ​တိုက်​တို့​ကို မြေ​တိုင်​အောင် ဖြို​ဖျက်၍၊ နိုင်​ငံ​တော်​နှင့် မင်း​သား​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီ။ ပြင်း​စွာ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ၏ ဦး​ချို​ရှိ​သ​မျှ​တို့​ကို ဖြတ်​တော်​မူ​ပြီ။ ရန်​သူ​ရှေ့​မှာ လက်​ရုံး​တော်​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ အ​ရပ်​ရပ်​လောင်​သော မီး​တောက်​ကဲ့​သို့ ယာ​ကုပ်​အ​မျိုး​ကို လောင်​စေ​တော်​မူ​ပြီ။ ရန်​သူ​ကဲ့​သို့ လေး​ကို​တင်​လျက်၊ ရန်​ဘက်​ပြု​သော​သူ​ကဲ့​သို့ လက်​ယာ​လက်​ကို ချီ​ကြွ​လျက်၊ တင့်​တယ်​ခြင်း အ​သ​ရေ​ရှိ​သော သူ​အ​ပေါင်း​တို့​ကို သတ်​တော်​မူ​ပြီ။ ဇိ​အုန်​သ​တို့​သ​မီး၏​နေ​ရာ​တဲ​ပေါ်​မှာ မီး​ကဲ့​သို့​သော အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘုံ​ဗိ​မာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း မျို​တော်​မူ​ပြီ။ ရဲ​တိုက်​တို့​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ ယု​ဒ​သ​တို့​သ​မီး ငို​ကြွေး​မြည်​တမ်း​သော အ​ကြောင်း​တို့​ကို များ​ပြား​စေ​တော်​မူ​ပြီ။ ဝင်း​တော်​ကို တောင်​ယာ​ခြံ​ကဲ့​သို့ အ​မှတ်​ပြု၍ ချိုး​ဖျက်​တော်​မူ​ပြီ။ မိ​မိ​ပွဲ​သ​ဘင်​တော်​ကို ဖျက်​ဆီး​တော်​မူ​ပြီ။ ဇိ​အုန်​မြို့၌​ခံ​သော ဓ​မ္မ​ပွဲ​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား မေ့​စေ​တော်​မူ​ပြီ။ အ​မျက်​တော်​အ​ရှိန်​ပြင်း၍ ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို မ​ရှု​မ​မှတ်​ပြု​တော်​မူ​ပြီ။