YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 6:6-14

ယောရှု 6:6-14 JBMLE

နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊ လူ​များ​တို့​အား​လည်း၊ သင်​တို့​သွား၍ မြို့​ကို​လှည့်​ပတ်​ကြ​လော့။ လက်​နက်​ကိုင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။ ယော​ရှု​သည် လူ​များ​တို့​အား​မှာ​ထား​ပြီး​မှ၊ ယု​ဘိ​လ​တံ​ပိုး ခု​နစ်​လုံး​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တံ​ပိုး​မှုတ်​လျက်​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် သူ​တို့​နောက်​သို့ လိုက်​လေ၏။ တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှေ့​မှာ လက်​နက်​ကိုင်​တို့​သည်​သွား၍၊ ယဇ်​ပု​ရော​ဟိတ်​များ တံ​ပိုး​မှုတ်​လျက်​သွား​ကြ​စဉ်၊ နောက်​တပ်​သား​တို့​သည် သေ​တ္တာ​တော်​နောက်​သို့ လိုက်​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် ကြွေး​ကြော်​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော​နေ့​မ​ရောက်​မီ​တွင် မ​ကြွေး​ကြော်​ရ၊ အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ရ၊ စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​ရ။ ထို​နေ့​ရောက်​မှ ကြွေး​ကြော်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​မှာ​နှင့်​လေ​ပြီ။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် မြို့​ကို​တစ်​ကြိမ် လှည့်​ပတ်​ဝိုင်း​သွား​ပြီး​လျှင်၊ တပ်​ထဲ​သို့​ဝင်​ပြန်၍ ည​ကို​လွန်​စေ​ကြ၏။ နံ​နက်​စော​စော ယော​ရှု​သည်​ထ၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​ယူ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် ခု​နစ်​ယောက်​တို့​သည် သွား​မြဲ​သွား၍ တံ​ပိုး​မှုတ်​ကြ၏။ လက်​နက်​ကိုင်​တို့​သည် သူ​တို့​ရှေ့​မှာ​သွား၍ ယဇ်​ပု​ရော​ဟိတ်​များ တံ​ပိုး​မှုတ်​လျက်​သွား​ကြ​စဉ်၊ နောက်​တပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နောက်​သို့ လိုက်​ကြ၏။ ဒု​တိ​ယ​နေ့၌ မြို့​ကို​တစ်​ကြိမ်​လှည့်​ပတ်​ပြီး​မှ တပ်​ထဲ​သို့ ပြန်​လာ​ကြ၏။ ထို​သို့ ခြောက်​ရက်​ပတ်​လုံး ပြု​ကြ၏။