YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 6:24-27

ယောရှု 6:24-27 JBMLE

မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။ သို့​ရာ​တွင် ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ကြ၏။ ယော​ရှု​သည်​လည်း၊ ပြည့်​တန်​ဆာ​ရာ​ခပ်​နှင့် သူ့​ပေါက်​ဖော်၊ သူ၌​ရှိ​သ​မျှ​တို့​ကို အ​သက်​ချမ်း​သာ​ပေး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယ​နေ့​တိုင်​အောင် နေ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရိ​ခေါ​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ ယော​ရှု​စေ​လွှတ်​သော တ​မန်​တို့​ကို သူ​သည်​ဝှက်​ထား​သော​ကြောင့်​တည်း။ ထို​အ​ခါ​ယော​ရှု​က၊ အ​ကြင်​သူ​သည်​ထ၍ ယေ​ရိ​ခေါ​မြို့​ကို တည်​ပြန်၏။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​အပ်​သော​သူ ဖြစ်​ပါ​စေ။ သူ​သည် သား​ဦး​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍ သား​ထွေး​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်​ပါ​စေ​ဟု ကျိန်​ဆို၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​နှင့်​အ​တူ ရှိ​တော်​မူ၍၊ သူ၏​သ​တင်း​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။