YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 6:15-23

ယောရှု 6:15-23 JBMLE

သ​တ္တ​မ​နေ့ နံ​နက်​စော​စော မိုး​လင်း​စ​က​ထ၍ အ​ရင်​နည်း​တူ၊ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ကြ၏။ ထို​နေ့၌​သာ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ရ​ကြ၏။ သ​တ္တ​မ​အ​ကြိမ်​တွင် ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ယော​ရှု​က၊ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မြို့​ကို ပေး​တော်​မူ​မည်။ မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို​ကျိန်၍ ထာ​ဝ​ရ​ဘု​ရား၌ အပ်​ရ​မည်။ သို့​ရာ​တွင် ပြည့်​တန်​ဆာ​ရာ​ခပ်​သည် ငါ​တို့​စေ​လွှတ်​သော​တ​မန်​တို့​ကို ဝှက်​ထား​သော​ကြောင့်၊ သူ​နှင့်​တ​ကွ သူ၏​အိမ်၌​ရှိ​သ​မျှ​တို့​အား အ​သက်​ချမ်း​သာ​ပေး​ရ​မည်။ သင်​တို့​သည် ကျိန်​အပ်​သော​အ​ရာ​ကို သ​တိ​နှင့်​ရှောင်​ကြ​လော့။ သို့​မ​ဟုတ် ထို​အ​ရာ​ကို​သိမ်း​ယူ​လျှင် မိ​မိ​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တပ်​ကို​လည်း​ကောင်း အ​ကျိန်​ခံ​စေ၍၊ နှောင့်​ယှက်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ၍၊ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ယော​ရှု​သည်​မှာ​ထား​လေ၏။ ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။ မြို့​ထဲ၌​ရှိ​သ​မျှ​သော ယောက်ျား၊ မိန်း​မ၊ အ​ကြီး​အ​ငယ်၊ သိုး၊ နွား၊ မြည်း​ရှိ​သ​မျှ​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ ထို​ပြည်​ကို စူး​စမ်း​သော လူ​နှစ်​ယောက်​တို့​အား ယော​ရှု​က၊ သင်​တို့​သည် ကျိန်​ဆို​သည်​အ​တိုင်း၊ ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့​သွား၍၊ သူ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ သူ​လျှို​လုပ်​သော​လု​လင်​တို့​သည် ဝင်၍၊ ရာ​ခပ်​နှင့် သူ့​မိ​ဘ၊ သူ့​မောင်​များ၊ သူ၌​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ့​ပေါက်​ဖော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ထုတ်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ​တပ်​ပြင်​မှာ ထား​ပြီး​လျှင်၊