YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 4:1-7

ယောရှု 4:1-7 JBMLE

လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း ယော်​ဒန်​မြစ်​ကို ကူး​ကြ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို ရွေး​ကောက်၍၊ သူ​တို့​သည် ယော်​ဒန်​မြစ်​အ​လယ်၊ ယဇ်​ပု​ရော​ဟိတ်​တို့ မြဲ​မြံ​စွာ​နင်း​ရာ၊ ဤ​အ​ရပ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင် ထမ်း​သွား၍၊ ယ​နေ့​ည စ​ခန်း​ချ​ရာ​အ​ရပ်၌ ထား​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ခန့်​ထား​နှင့်​သော ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို​ခေါ်၍၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့၊ ယော်​ဒန်​မြစ်​အ​လယ်​သို့ ကူး​သွား၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ လူ​တစ်​ယောက် ကျောက်​တစ်​လုံး​စီ​ယူ၍ ထမ်း​သွား​ကြ​လော့။ သို့​ပြု​လျှင် သက်​သေ​ကို​ရ​ကြ​လိမ့်​မည်။ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊ သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊