YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 18:1-10

ယောရှု 18:1-10 JBMLE

ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ရှိ​လော​မြို့​မှာ​စည်း​ဝေး၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို တည်​ထောင်​ကြ၏။ သူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​နှိမ့်​ချ​လျက်​ရှိ၏။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​ခု​နစ်​မျိုး​တို့​သည်၊ အ​မွေ​မြေ​ကို​မ​ခံ​ရ​သေး​သည်​ဖြစ်၍၊ ယော​ရှု​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သင်​တို့​သည် မ​သိမ်း​မ​ယူ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။ သင်​တို့​တွင် အ​မျိုး​တစ်​မျိုး​လျှင် လူ​သုံး​ယောက်​စီ​ရွေး​ကောက်၍ ငါ​စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​သို့​ထ​သွား၍ အ​မွေ​ခံ​သင့်​သည်​အ​တိုင်း ရေး​သား​ပြီး​မှ ငါ့​ထံ​သို့​ပြန်​လာ​ရ​ကြ​မည်။ သူ​တို့​သည် ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​ကြ​မည်။ ယု​ဒ​အ​မျိုး​သည် တောင်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။ ယော​သပ်​အ​မျိုး​သည် မြောက်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။ ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ပြီး​မှ၊ ပြည်​ပုံ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်။ လေ​ဝိ​သား​တို့​သည် သင်​တို့​နှင့်​ရော၍ အ​ဖို့​ကို​မ​ယူ​ရ။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​သည် သူ​တို့​အ​မွေ​ဖြစ်၏။ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ အ​မွေ​မြေ​ကို​ခံ​ယူ​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို၏။ ထို​လူ​တို့​သည် ထ၍​သွား​သ​ဖြင့်၊ ယော​ရှု​က​လည်း၊ တစ်​ပြည်​လုံး​သို့ လျှောက်၍​ရေး​သား​ပြီး​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်​ဟု ပြည်​ပုံ​ကို ရေး​သား​ခြင်း​ငှာ သွား​သော​သူ​တို့​ကို မှာ​ထား​သည်​နှင့်​အ​ညီ၊ သူ​တို့​သည် တစ်​ပြည်​လုံး​သို့ လျှောက်​သွား​သ​ဖြင့်၊ မြို့​ရွာ​ရှိ​သည်​အ​တိုင်း စာ၌​ခု​နစ်​ပိုင်း​ပိုင်း၍ ရေး​သား​ပြီး​မှ ယော​ရှု​နေ​ရာ ရှိ​လော​တပ်​သို့ ရောက်​လာ​ကြ၏။ ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။