YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 15:1-12

ယောရှု 15:1-12 JBMLE

ယု​ဒ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြေ​ဟူ​မူ​ကား၊ တောင်​မျက်​နှာ၌ ဧ​ဒုံ​ပြည်​နယ်​နှင့် နီး​စပ်​လျက်၊ တေ​မန်​ပြည်​စွန်း​မှ​စ၍ ဇိ​န​တော​ဖြစ်​သော၊ တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် သော​ဒုံ​အိုင်၌ တောင်​အ​ကွေ့​မှ​ထွက်၍၊ တောင်​မျက်​နှာ​နား၊ အ​က​ရ​ဗ္ဗိမ်​ကုန်း​ကို​လျှောက်​လျက် ဇိ​န​ရွာ​သို့​ရောက်​လေ၏။ တစ်​ဖန် တောင်​မျက်​နှာ​နား၊ ကာ​ဒေ​ရှ​ဗာ​နာ​ရွာ၊ ဟေ​ဇ​ရုန်​ရွာ၊ အာ​ဒါ​ရွာ၊ ကာ​ကာ​ရွာ၊ အ​ဇ​မုန်​ရွာ​ကို​လျှောက်​သ​ဖြင့် အဲ​ဂု​တ္တု​ချောင်း​သို့​လိုက်၍ ပင်​လယ်၌​ဆုံး​လေ၏။ အ​ရှေ့​ဘက်၌ သော​ဒုံ​အိုင်​သည် ယော်​ဒန်​မြစ်​ဝ​တိုင်​အောင် အ​ရှေ့​အ​ပိုင်း​အ​ခြား​ဖြစ်၏။ မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​သို့​ဆင်း​ရာ သော​ဒုံ​အိုင်​ကွေ့​မှ​ထွက်၍၊ ဗေ​သော​ဂ​လ​ရွာ​သို့​လည်း​ကောင်း၊ ဗေ​သ​ရာ​ဗ​ရွာ မြောက်​နား​မှာ​လျှောက်​လျက် ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။ အာ​ခေါ်​ချိုင့်​မြောက်​ဘက်​မှ​ထွက်၍ ဒေ​ဗိ​ရ​ရွာ​သို့​လည်း​ကောင်း၊ မြစ်​တောင်​ဘက် အ​ဒု​မ္မိမ်​ကုန်း​ရှေ့၌​ရှိ​သော ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​ကောင်း ရောက်​ပြီး​မှ၊ အင်​ရှေ​မက်​အိုင်၊ အင်္ရော​ဂေ​လ​ရွာ​လမ်း​သို့ လိုက်​လျက်၊ ဟိ​န္နုံ​သား၏​ချိုင့်​နား ယေ​ရု​ရှ​လင်​မြို့​ရာ ယေ​ဗု​သိ​အ​ရပ် တောင်​ဘက်​နား​မှာ​လျှောက်၍ ဟိ​န္နုံ​ချိုင့်​အ​နောက်၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ပေါ်​သို့​တက်​လေ၏။ ထို​တောင်​ပေါ်​မှ ဆင်း​ပြန်၍၊ နေ​ဖ​တော​စမ်း​ရေ​တွင်း​ကို လျှောက်​သ​ဖြင့် ဧ​ဖ​ရုန်​တောင်​နှင့်​ဆိုင်​သော မြို့​များ​သို့​လည်း​ကောင်း၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့ရာ ဗာ​လာ​မြို့​သို့​လည်း​ကောင်း၊ ဗာ​လာ​မြို့ အ​နောက်​ဘက်​နား​မှာ​လျှောက်​လျက် စိ​ရ​တောင်​သို့​လည်း​ကောင်း၊ ခေ​သ​လုန်​တောင်​တည်း​ဟူ​သော ယာ​ရိမ်​တောင် မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ဗက်​ရှေ​မက်​မြို့၊ တိ​မ​နာ​မြို့​သို့​လည်း​ကောင်း၊ ဧ​ကြုန်​မြို့ မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ရှိ​ကြုန်​ရွာ​သို့​လည်း​ကောင်း၊ ဗာ​လာ​တောင်​သို့​လည်း​ကောင်း၊ ယာ​ဗ​နေ​လ​ရွာ​သို့​လည်း​ကောင်း၊ ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။ အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​နှင့် ပင်​လယ်​ကမ်း​ပါး​သည် အ​နောက်​အ​ပိုင်း​အ​ခြား​ဖြစ်၏။ ဤ​ရွေ့​ကား ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် နေ​ရာ​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။