YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 1:1-18

ယောရှု 1:1-18 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​နောက်၊ မော​ရှေ​လက်​ထောက်၊ နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ ငါ၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​လေ​ပြီ။ သို့​ဖြစ်၍၊ သင်​နှင့် သင်၌​ပါ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယ​ခု​ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ဝင်​စား​ကြ​လော့။ မော​ရှေ​အား ငါ​က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့​နင်း​သ​မျှ​သော​မြေ​ကို သင်​တို့​အား​ငါ​ပေး​မည်။ တော​ကြီး​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ဟိ​တ္တိ​ပြည်​တစ်​လျှောက်​လုံး​ပါ​လျက်၊ နေ​ဝင်​ရာ​ဘက် ပင်​လယ်​ကြီး​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​နယ် အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။ သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကို သင်​သည် ဤ​လူ​တို့​အား​ဝေ၍ အ​မွေ​ပေး​ရ​မည်။ သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။ ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။ သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယော​ရှု​သည် ဗိုလ်​မင်း​များ​တို့​ကို​ခေါ်၍၊ တပ်​တစ်​လျှောက်​လုံး​သို့ သွား​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ သုံး​ရက်​အ​တွင်း​တွင် ဤ​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ရ​သော​ကြောင့် ရိ​က္ခာ​ကို ပြင်​ဆင်​ရ​ကြ​မည်​အ​ကြောင်း၊ လူ​များ​တို့​အား ဆင့်​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။ တစ်​ဖန် ယော​ရှု​သည် ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​တို့​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည်၊ သင်​တို့​အား​မှာ​ထား​သော​စ​ကား​ဟူ​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ဤ​ပြည်၌​နေ​ရာ​ချ​တော်​မူ​ပြီ။ သင်​တို့​သား​မ​ယား၊ သူ​ငယ်​များ​နှင့် တိ​ရ​စ္ဆာန်​များ​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် မော​ရှေ​ပေး​သော​ပြည်၌ နေ​ရစ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​နေ​ရာ​ချ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား နေ​ရာ​ချ​တော်​မ​မူ​မီ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်၊ သင်​တို့​တွင် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လက်​နက်​ကိုင်​လျက်၊ သင်​တို့​ညီ​အစ်​ကို​များ​ရှေ့​မှာ ကူး၍​မ​စ​ရ​ကြ​မည်​ဟူ​သော စ​ကား​ကို အောက်​မေ့​ကြ​လော့။ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် ယော်​ဒန်​မြစ် နေ​ထွက်​ရာ​ဘက်၌​ပေး၍၊ သင်​တို့​ပိုင်​သော​ပြည်​သို့ ပြန်၍​ဝင်​စား​ရ​ကြ​မည်​ဟု ပြော​ဆို၏။ ထို​သူ​တို့​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​ကို ကျွန်​တော်​တို့​ပြု​ပါ​မည်။ စေ​လွှတ်​တော်​မူ​သ​မျှ​သော အ​ရပ်​သို့ သွား​ပါ​မည်။ အ​ရာ​ရာ​တို့၌ မော​ရှေ၏​စ​ကား​ကို​နား​ထောင်​သည်​နည်း​တူ ကိုယ်​တော်​စ​ကား​ကို​လည်း နား​ထောင်​ပါ​မည်။ သို့​ဖြစ်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ အာ​ဏာ​တော်​ကို​ဆန်၍၊ မှာ​ထား​တော်​မူ​သ​မျှ​သော​စ​ကား​ကို နား​မ​ထောင်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​တော်​မူ​ပါ။ ရဲ​ရင့်​ခြင်း​ရှိ​တော်​မူ​ပါ​ဟု ယော​ရှု​အား​ပြန်​လျှောက်​ကြ၏။

​ယောရှု 1:1-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။