YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောန 1:7-17

ယောန 1:7-17 JBMLE

နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။ တစ်​ဖန် သူ​တို့​က၊ အ​ဘယ်​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ပြော​ပါ​လော့။ သင်​ဆောင်​ရွက်​သော​အ​မှု​ကား၊ အ​ဘယ်​အ​မှု​နည်း။ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း။ အ​ဘယ်​ပြည်၊ အ​ဘယ်​အ​မျိုး​သား ဖြစ်​သ​နည်း​ဟု မေး​မြန်း​ကြ​သော်၊ ငါ​သည် ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်၏။ ရေ​မြေ​ကို ဖန်​ဆင်း​တော်​မူ​သော ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၏​ဟု​ဆို​လျှင်၊ ထို​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မေး​ကြ၏။ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မိ​မိ​ပြေး​ကြောင်း​ကို ဖော်​ပြ​သော​ကြောင့် သူ​တို့​သိ​ကြ၏။ ထို​အ​ခါ ပင်​လယ်၌ လှိုင်း​တံ​ပိုး​သည် တိုး၍​ထ​သော​ကြောင့် သူ​တို့​က၊ ငါ​တို့၌ လှိုင်း​တံ​ပိုး​ငြိမ်း​စေ​ခြင်း​ငှာ သင့်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု​မေး​ကြ​သော်၊ ငါ့​ကို​ချီ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ကြ​လော့။ သို့​ပြု​လျှင်၊ လှိုင်း​တံ​ပိုး​သည် သင်​တို့၌ ငြိမ်း​လိမ့်​မည်။ ဤ​ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​သည် ငါ့​ကြောင့်​သာ သင်​တို့​အ​ပေါ်​သို့ ရောက်​သည်​ကို ငါ​သိ၏​ဟု ပြန်​ပြော​သော်​လည်း၊ သင်္ဘော​သား​တို့​သည် ကမ်း​သို့​ရောက်​အံ့​သော​ငှာ ပင်​ပန်း​စွာ တက်​ခတ်​ကြ၏။ သို့​ရာ​တွင်၊ သူ​တို့​တစ်​ဖက်၌ လှိုင်း​တံ​ပိုး​တိုး၍ ထ​သော​ကြောင့်၊ သူ​တို့​သည် မ​တတ်​နိုင်​သော​အ​ခါ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် တောင်း​ပန်​ပါ၏။ ဤ​သူ၏​အ​သက်​ကြောင့် အ​ကျွန်ုပ်​တို့​သည် အ​ကျိုး​နည်း​မ​ဖြစ်​ပါ​စေ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက် သတ်​သော​အ​ပြစ်​ကို အ​ကျွန်ုပ်​တို့၌ တင်​တော်​မ​မူ​ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လို​ရှိ​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​တောင်း​ပန်​ပြီး​မှ၊ ယော​န​ကို​ချီ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ကြ၏။ ထို​အ​ခါ ပင်​လယ်​လှိုင်း​တံ​ပိုး​သည် ငြိမ်း​လေ၏။ သင်္ဘော​သား​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို အ​လွန်​ကြောက်​ရွံ့​သ​ဖြင့် ယဇ်​ပူ​ဇော်၍ သ​စ္စာ​က​တိ​ထား​ကြ၏။ ယော​န​ကို မျို​စေ​ခြင်း​ငှာ ငါး​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ယော​န​သည် ငါး၏​ဝမ်း​ထဲ​မှာ သုံး​ရက်​ပတ်​လုံး နေ​ရ၏။